အခွန်ဦးစီးမှူးက လူမျိုးရေး ချိုးနှိမ်စကားပြောပြီး ငယ်သားတဦးကို ရိုက်နှက်၊ အသက်အန္တရယ် စိုးရိမ်ရ

အခွန်ဦးစီးမှူးက လူမျိုးရေး ချိုးနှိမ်စကားပြောပြီး ငယ်သားတဦးကို ရိုက်နှက်၊ အသက်အန္တရယ် စိုးရိမ်ရ

ဇန္နဝါရီ ၁၃ ရက်နေ့ညနေ ၃ နာရီခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်နယ်အခွန်ဦးစီးမှူး ဦး ၀င်းအောင်ငွေက ၄င်း၏ ငယ်သား ပဲန်နောလ် အား ချင်းတွေကို သတ်တာ ကြက်၊ ၀က်သတ်သလောက်တောင် မထင်ဘူး ...

ဇန္နဝါရီ ၁၃ ရက်နေ့ညနေ ၃ နာရီခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်နယ်အခွန်ဦးစီးမှူး ဦး ၀င်းအောင်ငွေက ၄င်း၏ ငယ်သား ပဲန်နောလ် အား ချင်းတွေကို သတ်တာ ကြက်၊ ၀က်သတ်သလောက်တောင် မထင်ဘူးဆိုပြီး ခြေလွန် လက်လွန် စော်ကားလိုက်ကြောင်း၊ အဆိုပါ လူနာအား အရေး ပေါ် ဆေးရုံ တင်လိုက်ရကြောင်း သိရသည်။

hakha-pixနေပြည်တော်မှ လာတဲ့ စာကြောင့် ယခုကဲ့သို့ အရိုက်ခံရခြင်းဖြစ်ပြီး အဆိုပါ လူနာသည် ယခုထိ စကားမ ပြောနိုင်သေးကြောင်း အမည်မဖော်လိုသူ မျက်မြင်တဦးထံမှ သိရသည်။

” စာထဲမှာ ကွင်းစကွင်းပိတ်ပါတာကို ကို ပဲန်နောလ်က သွားပြောတော့ ငါ့ကို ဆရာလာမလုပ်နဲ့၊ ခင်ဗျားတို့ ချင်းတွေကို သတ်တာ ကြက် ၀က် သတ်သလောက်တောင် မထင်ဘူးပြောပြီး ပါးနှစ်ချက်ရိုက်တယ်၊ ရင်ဘတ် အောက်မှာ သုံးချက်ဆောင့်ကန်တယ်” ဟု ပြောသည်။

ဦးတင်အောင်ငွေသည် တပ်မတော်အရာရှိဘဝမှ ပြောင်းလာသူ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ရုံးသူရုံးသားများကို ကိုယ်ထိ လက် ရောက်
စော်ကားလေ့ရှိကြောင်း လူမျိုးရေးချိုးနှိမ်သည့် စကားများဖြင့် ငယ်သားများအား ဆဲဆိုလေ့ရှိကြောင်း သိရ သည်။

” လူနာအခြေအနေက စိုးရိမ်ရတယ်၊ သူ့ကို ဓါတ်မှန်ရိုက်ထားတယ်၊ Result က ပြောလို့မရသေးဘူး၊ က လေးမြို့ ပြည်သူ့ဆေးရုံကို ပို့တန်ပို့ ရမယ်၊ အခုထိ စကားမပြောနိုင်သေးဘူး” ဟု ဆေးဆရာမ တဦးက ပြောသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး လူနာရှင်များမှ အမှုဖွင့်ဖွယ်ရှိကြောင်း သိရသော်လည်း ဦးတင်အောင်ငွေသည် ယင်း ဖြစ်ရပ်အပေါ် ဘယ်လိုမှ အလေးထားပုံမရကြောင်း နီးစပ်သူများက ဆိုသည်။

” လူနာက ဘာဆိုဘာမှ စကားမပြောနိုင်သေးဘူး၊ သူ့အခြေအနေက ပြောလို့မရသေးဘူး၊ အမှုလုပ်မလုပ် တော့ ပြောလို့မရသေးဘူး” ဟု ဆွေမျိုးတဦးက ပြောသည်။