မလေးရှားနိုင်ငံတွင် ပထမဦးဆုံး ကချင်ပြည်နယ်နေ့ ကျင်းပ

မလေးရှားနိုင်ငံတွင် ပထမဦးဆုံး ကချင်ပြည်နယ်နေ့ ကျင်းပ
by -
KNG

ဇန်နဝါရီ ၁၀ရက် ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ အခြား ပြည်ပနိုင်ငံများ ဖြစ်သည့် မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်္ဂလန် နိုင်ငံများ၌ ကချင် တိုင်းရင်းသားများ စုပေါင်းကာ ၆၃ ကြိမ်မြောက် ...

ဇန်နဝါရီ ၁၀ရက် ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ အခြား ပြည်ပနိုင်ငံများ ဖြစ်သည့် မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်္ဂလန် နိုင်ငံများ၌ ကချင် တိုင်းရင်းသားများ စုပေါင်းကာ ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားအား ကျင်းပခဲ့သည်။

၆၃ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနား မလေးရျားနိုင်ငံတွင် ကျင်းပနေပုံ။ ဓါတ်ပုံ-KNO-Malaysiaမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ပထမဦးဆုံးအနေဖြင့် မလေးရှား၊ စင်ကာပူ နှစ်နိုင်ငံ စုပေါင်းကာ  ကချင်ပြည်သူလူထုများ  ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အား ပြုလုပ်နေခြင်းဖြစ်သည်။

ယခုလို ပြည်ပနိုင်ငံတွင် ကချင်ပြည်နယ်နေ့အား ကျင်းပရခြင်းအကြောင်းကို ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦလဆိုင်းမှ ကချင်လူမျိုးများသည် မည်သည့်နိုင်ငံရောက်ရှိနေစေကာမူ ကချင်ပြည်နယ်ရှိဟူသောအသိ နှောင်လာနောက်သားများ ရရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြောသည်။

ဆက်ပြီး “ပြီးတော့ ကျတော်တို့ ပြည်နယ်ကို ပိုပြီးချစ်ဖို့၊ ပိုပြီးမှ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးနဲ့ ကာကွယ်ဖို့ ရှေ့ဆက်ပြီး ကျတော်တို့ ကချင်ပြည်နယ်ကို မ ပပျောက်အောင်၊ ရိုးရာထိန်းသိမ်းနိုင်ဖို့၊ အမျိုးသားစိတ်ဓါတ်နိုးကြားနိုင်ဖို့ စသည့်ရည်ရွယ်ချက်များဖြစ်ပါတယ်။” ဟု ဆက်ပြောသည်။

ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၆၃ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနား။ ဓါတ်ပုံ-KNO-Japanအခမ်းအနားပွဲအား မလေးရှား စံတော်ချိန် မွန်းလွဲ ၁နာရီခွဲမှ စတင်ကာ ပြည်ပအခြေစိုက် ကချင် အမျိုးသား အစည်းအရုံး (KNO) ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်မှ မိန့်ခွန်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ်နေ့ သမိုင်းဖတ်ခြင်း ကချင်ပြည်နယ် သီချင်းသီဆိုခြင်း၊ ကဗျာရွတ်ခြင်းနှင့် မလေးရှားနိုင်ငံရှိ ကချင်အဖွဲ့ပေါင်းစုံမှ ကိုယ်စားပြု အကပဒေသာ ကပြခြင်း၊ စင်ကာပူနိုင်ငံမှ ကချင်ရိုးရာအကများဖြင့် ပါ၀င်ဆင်နွှဲခဲ့ကြသည်။

ပွဲလာသူဦးရေမှာ ၆၀၀ကျော်ခန့်ရှိသည်ဟု ဦးလဆိုင်းမှ ပြောသည်။

ဂျပန်နိုင်ငံတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက်နေ့တွင် ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအား ကျင်းပခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဇန်နဝါရီ  ရ ရက်နေ့က ကချင်ပြည်နယ်နေ့ကို ကျင်းပခဲ့သည်။

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော် မှ မလေးရှား ကချင်ပြည်နယ်နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားပုံ။ ဓါတ်ပုံ-KNO-Malaysiaမြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌လည်း ကချင်ပြည်နယ်နေ့ ပွဲတော်သည် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက် တွင် ကျင်းပရခြင်းကြောင့် လူထုစိတ်ဝင်စားမှုမရှိဘဲ ပွဲလာသူများလည်း အနည်းငယ်သာရှိသည်ဟု မနော ဖြစ်မြောက်ရေးကော်မတီမှ ပြောသည်။

“ပွဲလာသူတွေကို စစ်လားဆေးလား အရမ်းလုပ်တော့ မလာချင်ကြတော့ဘူး။ အစိုးရက ဦးဆောင်တယ်ဆိုတော့ ပွဲက အရသာမရှိ၊ ပျော်ဖို့လည်း မကောင်းဘူး။ မိုးလည်း မနေ့ညကနေ မိုးရွာတာ ဒီမနက်အထိပဲ မိုးအေးတော့ လည်း လူကမလာချင်ကြတော့ဘူး။” ဟုပြောသည်။

ယနေ့ညတွင်လည်း ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအား ဆက်လက်ကျင်းပသွားမည်ဖြစ် ကာ မနောဖြစ်မြောက်ရေး ကော်မတီမှ ဦးလခရိလအောင် မိန့်ခွန်းပြောကြားသွားမည်ဟု သိရသည်။