မြန်မာ့လူမှုရေးအသင်းက မြန်မာကလေးငယ်များကို ပညာသင် ထောက်ပံ့ကြေးပေး

မြန်မာ့လူမှုရေးအသင်းက မြန်မာကလေးငယ်များကို ပညာသင် ထောက်ပံ့ကြေးပေး
by -
ခိုနူမ်းထုန်သတင်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များကို မြန်မာ့လူမှုရေး အသင်းက ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခဲ့ ...

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များကို မြန်မာ့လူမှုရေး အသင်းက ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

BSWA2ယခုလ ဇန်နဝါရီ ၈ ရက်နေ့က မြန်မာ့လူမှုရေးအသင်း၏ ၆ ကြိမ်မြောက် ညီလာခံကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ ဇာတကော့ရပ်ကွက် Archive ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဗဟိုကော်မီတီ အဖွဲ့ဝင်အသစ်များကို မဲစနစ်ဖြင့်ပြန် လည် ရွေးချယ်ခဲ့ကြပြီး ပညာသင် ထောက်ပံ့ကြေးကိုလည်း တပါတည်း ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

အိုက်ဇောလ်မြို့တွင် ကျောင်းတက်နေကြသော မြန်မာ့ကလေးငယ် တစ်တန်း မှ ဆယ်တန်း အထိ ကျောင်းသား ၅၈ ဦးထံ တဦးလျင် ရူပီးငွေ ၄၅၀ စီပေးအပ်နိုင်ခဲ့ကြသည်ဟုသိရသည်။

မြန်မာ့လူမှုရေးအသင်းသည် မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ၏ နေ့စဉ်ကြံုတွေ့နေရ သည့် လူမှုရေးအခက်အခဲများကို အကျိူးအမြတ်မယူဘဲ စေတနာအရင်းခံဖြင့် လိုက်လံကူညီဖြေရှင်းပေးနေသည့် အဖွဲ့ အစည်းတခုဖြစ်သည်။

Burmese_childrensယခုကဲ့သို့ မြန်မာကလေးငယ်များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အစီစဉ်ကို လွန်ခဲ့သည် ၂၀၀၇ ခုနှစ်က စပြီး ယခုချိန်ထိ မြန်မာ့လူမှုရေးအသင်းက နှစ်စဉ် ပေးအပ်ခဲ့သည်။

မြန်မာ့လူမှုရေးအသင်း၏ ပညာရေး တာဝန်ခံ တဦးဖြစ်သည့် ကိုဇော်ဇော်က ပညာသင် ထောက်ပံ့ကြေး ပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ယခုလို ရှင်းပြသည်။

“ဒီမှာရောက်လာကြတဲ့ ကျနော်တို့မြန်မာနိုင်ငံသားတွေဟာဆိုရင် အားလုံးက အလုပ်သမားတွေ ဖြစ်ကြတယ်၊ ငွေးရေးကြေးရေး အခက်အခဲ အမျိူးမျိူး ရင်ဆိုင်နေရပေမဲ့ ကိုယ့်သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နှင့် ရုန်းကန်ကြိုး စားနေကြပါတယ်၊ ဒီလိုမျိူး အခြေအနေမျိုးမှာ  မိဘတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ဖို့ ရည်ရွယ်ပြီး ကျနော်တို့တတ် နိုင်သမျှ ကူညီ ထောက်ပံ့ပေးရခြင်း ဖြစ်ပါတယ်” ဟု ကိုဇော်ဇော်က ပြောသည်။

မြန်မာ့လူမှုရေးအသင်းသည် မည်သည့် အဖွဲ့အစည်းများ၏ ထောက်ပံ့ခြင်း မရှိဘဲ ကိုယ့်ထူကိုယ်ထ စနစ်ဖြင့် ရပ်တည်နေရ သည့်အဖွဲ့တခုဖြစ်ပြီး ပညာသင် ထောက်ပံ့ကြေး ကိုလည်း လုံလုံလောက်လောက် ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

သို့သော်လည်း ပညာသင်ထောက်ပံ့ကြေးကို လာမည့်နှစ်များတွင်လည်း နှစ်စဉ်ပေးအပ်နိုင်ရန်အတွက် ကြိုးစားသွားမည် ဟုကိုဇော်ဇော်ကဆက်ပြောသည်။

ပညာသင်ထောက်ပံ့ကြေးရရှိသည့် မြန်မာ့ကလေးငယ်တဦး၏ဖခင်က ယခုလို မြန်မာ့လူမှုရေးအသင်းက မိမိတို့ကလေး ငယ်များကိုပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည့်အတွက်ကြောင့် အလွန်အမင်းဝမ်းသာပီတိဖြစ်မိကြောင်းပြောဆိုခဲ့ သည်။

မီဇိုရမ်ပြည်နယ်ရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ အနာဂတ် အရေးကောင်းမွန်စွာ ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ချက်ထားပြီး မြန်မာ့ခရစ်ယာန်မိတ်သဟာရ လူငယ်များက ဦးစီးပြီး ၁.၅.၂၀၀၅ ရက်နေ့ တွင် အိုင်ဇောလ်မြို့ရှိ မြန်မာခရစ်ယာန်မိတ်သဟာရ ဘုရားကျောင်း၌ မြန်မာ့လူမှုရေးအသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည်။ ယခုချိန်တွင် အသင်း သူအသင်းသား တစ်ထောင်ခန့်ရှိသည်ဟုသိရသည်။

Most read this week