လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်ရန် ကျားဖြူပါတီ ဆွေးနွေးပွဲ ကျင်းပ

လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်ရန် ကျားဖြူပါတီ ဆွေးနွေးပွဲ ကျင်းပ
by -
မွေခေါဝ်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ခေါ် ကျားဖြူ ပါတီသည် မကြာမီခေါ်ယူမည့် လွတ်တော်အတွင်း၌ ပါတီ၏အဓိက တင်ပြမည့် အကြောင်းအရာများနှင့် ပက်သက်၍ ပြင်ဆင်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နေ ...

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ခေါ် ကျားဖြူ ပါတီသည် မကြာမီခေါ်ယူမည့် လွတ်တော်အတွင်း၌ ပါတီ၏အဓိက တင်ပြမည့် အကြောင်းအရာများနှင့် ပက်သက်၍ ပြင်ဆင်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နေကြောင်း စုံစမ်း သိရှိရပါသည်။

ကျားဖြူပါတီ လိုဂို“ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတာတွေ တင်ပြ ဆွေးနွေးကြတယ်။ စီးပွါးရေးမှာ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်လာအောင် အလုပ်လက်မဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းမယ်။ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်” ဟု ကျားဖြူပါတီ  အနိုင်ရ အမတ်တစ်ဦးက ပြောပါသည်။

၎င်းဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယခုလ ရ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရလွှတ်တော် အမတ် ၄၃ ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

ကောင်းမွန်သည့်ဥပဒေအချို့ ဥပဒေဘောင်အတွင်း၌သာရှိနေပြီး ရှင်သန်ခြင်းမရှိသည့်အတွက် ယင်းဥပဒေများ ရှင် သန်လာစေရန်အတွက် မည်သို့မည်ပုံကြိုးစားဆောင်ရွက်သွားရမည့်အကြောင်း၊ တရားဝင် နိုင်ငံခြားငွေကိုင်ဆောင် ခွင့်ရရန်အတွက်လည်း မည်ကဲ့သို့ကြိုးပမ်းသွားရမည့်အကြောင်းများ အဓိကထားဆွေးနွေးကြသည်ဟုဆို၏။

ထို့အပြင် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “ကျနော်တို့ ကျားဖြူပါတီအမတ်တွေကို အထောက်အကူပြုမဲ့ သုတေသနအဖွဲ့လဲ ဖွဲ့စည်းဖို့အစီအစဉ်ရှိထားသလို လွှတ်တော်မတိုင်ခင်မှာ တခြားအနိုင်ရပါတီတွေနဲ့လဲ တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်” ဟု ပြောပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် လွှတ်တော်လေးရပ်၌ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၅၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အမျိုးသားလွှတ်တော်တွင် ၃  ဦး၊ ပြည်သူ့လွှတ်တော် ၁၈ ဦး၊ ပြည်နယ် လွှတ်တော် ၃၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ သျှမ်းလူနည်းစုလွှတ်တော်တွင် ၁ ဦးနှင့် ကချင်ပြည်နယ်မှ သျှမ်းလူနည်း စုလွှတ်တော် ၁ ဦး စုစုပေါင်း ၅၇ ဦးအနိုင်ရရှိထားသော ပါတီဖြစ်ပါသည်။