ပြည်သူ့ရဲတွေက ခရစ်ယာန် တရားဟော ဆရာအား ဒေသတွင်းမှ မောင်းထုတ်

ပြည်သူ့ရဲတွေက ခရစ်ယာန် တရားဟော ဆရာအား ဒေသတွင်းမှ မောင်းထုတ်
by -
ခိုနူမ်းထုန်သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ခုန်ထူး ကျေးရွာသားများနှင့် နယ်မြေခံ ပြည်သူရဲများက ခရစ်ယာန် တရားဟောဆရာ တဦးအား ခရစ်ယာန် တရားဟောကြားခြင်းကြောင့် ၂၀၁၀ ခုနှစ် နို၀င်ဘာလအတွင်း ရွာမှ မောင်းထုတ်ခဲ့ ...

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ခုန်ထူး ကျေးရွာသားများနှင့် နယ်မြေခံ ပြည်သူရဲများက ခရစ်ယာန် တရားဟောဆရာ တဦးအား ခရစ်ယာန် တရားဟောကြားခြင်းကြောင့် ၂၀၁၀ ခုနှစ် နို၀င်ဘာလအတွင်း ရွာမှ မောင်းထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

တရားဟောဆရာ  ဦးလွာဘိခ်သည် ချင်းပြည်နယ်ဖလမ်းမြို့နယ် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အငြိမ်းစား သိက္ခာတော်ရ ဆရာတဦး ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ဗုဒ္ဒဘာသာဝင်များထံ ကိုယ်စရိတ်ဖြင့် လှည့်လည် ဓမ္မတရားတရားဟော ကြားနေသူဖြစ်သည်။

”ဦးလွာဘိခ်က ကျတော်တို့ မြို့သာရွာနဲ့ ခုန်ထူးရွာကို လာပြီး ခရစ်ယာန်ဧဝံဂေလိ တရားတော်ကို လာဟောတာကို ရွာသားတွေက ရဲကိုတိုင်တယ်၊ ဒါနဲ့ မြောက်စီ ရဲစခန်းက ရဲသားနှစ်ဦးရောက်လာပြီး ဆရာတော်ကို ရွာကနေ မောင်းထုတ်လိုက် တယ်” ဟု ရွာသားတဦးက ပြောသည်။
မြို့သာရွာသည် အိမ်ခြေ ရ၀၀ ခန့်နှင့် ခူထုန်းရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး တရွာလုံး ဗုဒ္ဒဘာသာကို ကိုးကွယ်သူ များဖြစ်ကြသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းတိုင်းရင်းသားတဦးက ”အဲဒါမတရားတာပဲ၊ သူတို့ ဗုဒ္ဒဘာသာဝင်တွေလည်း တောင်တန်း သာသနာပြုဆိုပြီး ဘုန်းကြီးတွေကို ချင်းတောင်စေလွှတ်ပြီး စေတီတွေ ဘာတွေ တည်ကြတာပဲ” ဟု ပြောသည်။

အဆိုပါ တရားဟောဆရာနှင့် နီးစပ်သူ ဘာသာရေး ခေါင်းဆောင်တဦးကို ဆက်သွယ် မေးမြန်းသော်လည်း တစုံတရာ ပြော ဆိုလိုခြင်းမရှိပေ။

စစ်အစိုးရသည် ချင်းတောင်တွင် ခရစ်ယာန်ဘာသာဝင်များ အထွဒ်အမြတ်ထားသည့် လက်ဝါးကပ်တိုင်များကို ဖျက်ဆီးပြီး နိုင်ငံတော် ဘတ်ဂျက်ကုန်ကျကာ ဗုဒ္ဒစေတီများဖြင့် အစားထိုး တည်လေ့ရှိသည်။

ထို့အပြင် ခရစ်ယာန် ဘာသာဝင်များအား သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက်ရယူစေပြီးမှသာ ဘာသာရေး ပွဲတော်များ ကျင်းပခွင့် ပြုသည်။

Most read this week