မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘဝ ကျရောက်

မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘဝ ကျရောက်
by -
နိရဥ္စရာသတင်း

ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှံုးနေကြရ ...

ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှံုးနေကြရကြောင်း သိရသည်။

Apuk-Wa-Buterအမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါ၀င်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။

“ မိဖ လက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်။ ၆ ကမှာ ရထားလမ်းကြောင်း ၃ ဧက ဆုံးရှံးသွားပါတယ်။ တပြားတချပ်မှ လျော်ကြေး မပေးသလို လယ်လည်း အစား မပေးပါဘူး။ ဘာမှ လျော်ကြေး မပေးတဲ့ အပြင် မိမိလယ်မြေကို ဖြတ်ပြီး ရထားလမ်းဖေါက်မယ်ဆိုတာကိုလည်း အကြောင်းကြားတာ မရှိပါဘူး။ လယ်ကွင်းပေါ်မှာ အလံနီ တိုင်လေးတွေ စိုက်ထူထားတာကို မြင်ပီးမှ ငါ့လယ်ကို သူတို့ရထားလမ်း ဖြတ်ဖေါက်တော့မယ်ဆိုတာကို သိရပါတယ်။” ဟု ပြောသည်။

ယခု အခါ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော ရထားလမ်းကို အပိုင်းလိုက် တစ််ခုပြီး တစ်ခု ဖေါက်လုပ်နေရာ ဒီဇင်္ဘာလဆန်းမှ စတင်ပြီး ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖေါက်လုပ်နေကြောင်း သိရသည်။

Railroadယခုကဲ့သို့ လယ်မြေများကို လျော်ကြေး တစုံတရာ မပေးဘဲ ဖြတ်ဖေါက်သဖြင့် ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ သရက်တပင်၊ ညောင်ချောင်း၊ ဒေါင်းတောင်ယိုးစသည့် ကျေးရွာများမှ လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို ဆုံးရှံုးနေကြရသည်။

၎င်းပြင် ရထားဖေါက်လုပ်သည့် ကုမ္ပဏီများမှ ဒေသခံ ရခိုင်လယ်သမားများကို နိုင်ထက်စီးနှင်း ပြုလုပ်မူများလည်း ရှိနေကြောင်း သူက ပြောသည်။

“ လယ်တွေက စပါးရိတ်သိမ်းလို့ မပီးသေးဘူး။ ဒါကို သုံးရက်နဲ့ အပီးရိတ်ရမယ်။ မရိတ်ရင် အကုန်လုံးကို မြေတူးစက်တွေနဲ့ ဖြိုတူးပစ်မယ်ဆိုပီး ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာ စပါးရိတ် အလုပ်သမားတွေ အရမ်းရှားပါတယ်။ ဒါပြင် တချို့ စပါးတွေဆိုရင် မိုးတွေရွာထားခဲ့တဲ့ အတွက် မခြောက်ဘဲ ဖြစ်နေတယ်။ သူတို့က ခုလို အမိ်န့်ထုတ်တော့ မပီး ပီးအောင်ရိတ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်တပ်က လူထုတွေကို မတရား အနိုင်ကျင့်ထားတွေ ရှိတဲ့ အတွက် ဘယ်သူကမှ ပြန်မပြော ရဲကြဘဲ ဖြစ်နေပါတယ်။ အကုန်လုံး ခေါင်းငုံ့ခံနေကြရပါတယ်။”

၎င်းပြင် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် လယ်သမား တစ်ဦးကလည်း လယ်မြေများ ဆုံးရှံုးသွားသဖြင့် အသက်ရှင်လိုစိတ် မရှိဘဲ မြန်မြန်သေဖို့ ဆုတောင်းနေကြောင်း နိရဥ္စရာသို့ ပြောသည်။

“ဦးလေးမှာ လယ်သုံးဧက ရှိပါတယ်။ ရထားလမ်းဖေါက်တော့ တဧကခွဲပါသွားခဲ့ပါတယ်။ ကျန်တဲ့ တဧကခွဲနဲ့ မိသားစု ၆ ဦး ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဘယ်နေ့ သေမင်းခေါ်မလဲဆိုတာကိုဘဲ မျှော်နေပါတယ်။ အရင်သေရင် အရင်ဝဋ်ကျွတ်တယ်လို့ဘဲ အောက်မေ့မိပါတယ်။”

ယခုကဲ့သို့ လယ်မြေများကို လက်လွတ်ဆုံးရှံုးနေကြသူများမှာ ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ရထားလမ်း ဖြတ်သန်းရာ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း မြို့နယ် တိုင်းတွင် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ဖေါက်လုပ်နေသော ရထားလမ်းကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် လယ်ဧက ၃၀၀၀ နီးပါး ဆုံးရှံုးခဲ့ရပြီး အဆိုပါ လယ်မြေများအတွက် အာဏာပိုင်များက တစုံတရာ လျော်ကြေး မရကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ရထားလမ်းကြောင့် လယ်ယာမြေများ ဆုံးရှံုးနေသည့် အပြင် ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များလည်း အကြီးအကျယ် ပျက်စီးနေသဖြင့် ယခု ဖေါက်လုပ်နေသော ရထားလမ်းကို “ မရဏ ရထားလမ်း” ဟု ဒေသခံ ရခိုင်များက ခေါ်ဆိုနေကြကြောင်း သိရသည်။

ယခင်ကဖေါက်လုပ်ခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်း ဖေါက်လုပ်တုန်းကလည်း ရခိုင်လယ်သမားများ အနေဖြင့် လျော်ကြေး တစုံတရာ မရဘဲ လယ်မြေများကို ဆုံးရှံးခဲ့ရသလို အသစ်တပ်စွဲလာသော စစ်တပ် တပ်ရင်း ၆၀ နီးပါးကလည်း ရခိုင်တောင်သူလယ်သမားများပိုင် လယ်မြေဧက အမြောက်အမြားကို စစ်တပ်ပိုင် အဖြစ် သိမ်းပိုက်ထားကြောင်း သိရသည်။

Most read this week