ဒေါ်အောင်ဆန်းစုကြည်က အငတ်ဘေးဒဏ်ခံ ချင်းပြည်သူများကို ကူညီမည်

ဒေါ်အောင်ဆန်းစုကြည်က အငတ်ဘေးဒဏ်ခံ ချင်းပြည်သူများကို ကူညီမည်
by -
ခိုနူမ်းထုန်သတင်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်က အငတ်ဘေးဒဏ် ကြုံတွေ့နေရသည့် ချင်းပြည်သူများကို အကူအညီတွေ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရ ...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်က အငတ်ဘေးဒဏ် ကြုံတွေ့နေရသည့် ချင်းပြည်သူများကို အကူအညီတွေ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့က ချင်းပြည်နယ်အမျိူးသား ဒီမိုကရေစီ အဖွဲ့ချူပ်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အဲန်အယ်လ်ဒီ ဗဟိုဌါနချူပ် တွင်တွေ့ဆုံကြရာ ချင်းပြည်သူများ လက်ရှိ ရင်ဆိုင်နေရသည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကိစ္ခ္စနဲ့ပတ်သက်ပြီး အကူအညီတွေပေး နိုင်ဖို့ဆွေး နွေး တိုင်ပင်ခဲ့ကြသည်ဟု ချင်းပြည်နယ် အဲန်အယ်လ််ဒီဗဟိုတာဝန်ခံ ဦးဇော်ဘွဲ့ကပြောသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကချင်းပြည်သူများလက်ရှိရင်ဆိုင်ကြံုတွေ့နေရသည့် အခြေအနေတွေကို သေချာစွာစာရင်းပြုစုပြီး ၄င်းထံသို့ပြန်လည်တင်ပြရန်ညွန်ကြားခဲ့ကြောင်းဦးဇော်ဘွဲ့ကဆက်ပြောသည်။

ယခုအခါ ချင်းပြည်နယ်အဲန်အယ်လ်ဒီကချင်းပြည်နယ်မြို့နယ် ကိုးမြို့နယ်စလုံးမှ အငတ်ဘေးဒဏ်ခံစားနေကြသည့်ချင်းပြည်သူ များလက်ရှိအခြေအနေများကို စာရင်းပြုစုနေကြကြောင်းဒီတပတ်တွင်ဒေါ်အောင်ဆန်း စုကြည်နှင့်ပြန် လည်တွေ့ဆုံုပြီး တင်ပြ ကြမည်ဟုသိရသည်။

၄င်းတို့တင်ပြမည့် အစီရင်ခံစာအပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကူအညီတွေခွဲဝေပေးမည်ဟု ဦးဇော်ဘွဲ့ ကဆက်ပြောသည်။

“ကျနောတို့ ချင်းပြည်နယ်အနေနဲ့ အခက်အခဲဆုံးဒေသတွေကို အေ၊ဘီ၊စီဆိုပြီးခွဲကာ သုံးပိုင်းပိုင်းပြီးတော့ တင်ပြ မယ်၊  လူဦးရေအခြေ အနေဆန်ရေစပါးပျက်စီးမှုအခြေအနေတွေအပေါ်မှာမူတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကအကူအညီ တွေခွဲ ဝေ ပေးပါလိမ့်မယ်” ဟုဦးဇော်ဘွဲ့ကပြောသည်။

လွန်ခဲဲ့သည့် ၂၀၀- ၂၀၀၇ ခုနှစ်ကစပြီး ချင်းပြည်နယ်တွင် ၀ါးသီးလာပြီးကြွက်သောင်းကျန်းမှုကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု စတင်ကျရောက်လာခဲ့ခြင်းဖြစ်သည်။ ဒေသအခေါ်အရ Mautam ဟုခေါ်ကြသည့် အစာရေစာခေါင်းပါးမှုကပ်ဆိုးဒဏ်သည်  အနှစ် ၅၀ မှာတကြိမ်ဖြစ်ပွားလေ့ရှိသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရောက် အခြားချင်းဘာသာရေးအသင်းအဖွဲ့များ၊ ချင်းလူမှုအသင်းအဖွဲ့များ၊ အစိုးရ အဖွဲ့အစည်းများ မဟုတ်သည့့် World Food Program (WFP)၊ Country Agency for Rural Development (CAD)၊ Open Society Institute(OSI) တို့က ကူညီထောက်ပံ့မှု တွေပေးခဲ့သည်။

သို့သော်လည်း နိုင်ငံတော်အစိုးရက ယခုချိန်ထိ တစုံတရာထောက်ပံ့ပေးမှုတွေမရှိသေးပေ။

နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချူပ်မှပြန်လည်လွတ်မြောက်လာသည့်  ဒေါ်ဆောင်ဆန်းစုကြည်က ဂီရီမုန်တိုင်း ဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်လူထုအတွက် မကြာသေးခင်ကကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။