ကရင်နီစုပေါင်း ကျောင်းသားပွဲတော် ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပ

ကရင်နီစုပေါင်း ကျောင်းသားပွဲတော် ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပ
by -
ဒီမင်း

ကျောင်းသားလူငယ်များ အချင်းချင်း စည်းလုံးခြင်းကို ဖော်ဆောင်ခြင်း ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် စုပေါင်းကျောင်းသားအား ကစားပွဲတော်ကို ကျင်းပ ...

ကျောင်းသားလူငယ်များ အချင်းချင်း စည်းလုံးခြင်းကို ဖော်ဆောင်ခြင်း ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် စုပေါင်းကျောင်းသားအား ကစားပွဲတော်ကို ကျင်းပကြသည်။

ကရင်နီဒုက္ခသည် စခန်းမှ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ကျောင်းသူကျောင်းသား ပွဲတော် ဖွင့်ပွဲအခန်းအနားလူထုဗဟို စာသင်ကျောင်းမှ ဆရာမ ရိုစီက “ ဘယ်လို ကောင်းကျိုးကို ရှိမလဲဆို ပူးပေါင်းမှုတွေ ရှိမှာပေါ့နော နောက်ပြီးမှ တစ်ကျောင်းနဲ့ တစ်ကျောင်း ညီညွတ်မှုရှိ နောက်မှ အတွေ့အကြုံတွေလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း share (ဝေမျှ) ကြမယ် အဖော်တွေလည်း အသစ်ရမယ် ပူးပေါင်းပြီး ဘယ်လို အလုပ်လုပ် ရမယ်ဆိုတာ ပိုသိလာတာပေါ့နော ”ဟု ပြောပါသည်။

ဤစုပေါင်းကျောင်းသား အားကစား ပွဲတော်သည်  ဆယ်တန်းလွန် ကျောင်းများ ဖြစ်ကြသည့် သိပ္ပံ နှင့် ဝိဇ္ဖာကျောင်း KnPT၊ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှုကျောင်း KLMC ၊ လူထုဗဟို စာသင်ကျောင်း CLC နှင့် အထက်တန်းကျောင်း KHS တို့ မှ ပူးပေါင်း၍ ဒုတိယ အကြိမ်အဖြစ် ကျင်းပကြသည်။

“အခုမျိုး ကျောင်းသားပွဲ တော်နဲ့ ကြံုရတာအရမ်းပျော်တယ် ကျမမျှော်လင့်တာက မခင်ဖူးမတွေ့ဖူးတဲ့ အပေါင်းအဖော်တွေ နဲ့ ရင်နှီးလာမယ်လို့ မျော်လင့်တယ် ”ဟု အထက်တန်းကျောင်းသူမ မလျားမြာက ပြောပါသည်။

ကျောင်းသားများ၏ လှုပ်ရှားမှုတွေကို ကြည့်၍အားရသည်ဟု ခံစားရသော KLMC ကျောင်းအုပ် ခူးမယ်ရယ်ကလည်း “ကျနော့အနေနဲ့ ဆိုပျော်တာပဲလေ ကျောင်းသူ၊သား တွေအားလုံးစိတ်ပါလက်ပါ နဲ့ ကစားကြတာတွေ့တော့ ပျော်တယ်”ဟု ပြောပါသည်။

စုပေါင်းကျောင်းသားပွဲတော်တွင် ကာယ အားကစားမျိုးစုံနှင့် ညဏ်ရည်ယှဉ်ပြိုင်မှုများဖြင့် ယခုလ ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပြုလုပ်သွားမည်ဖြစ်သည်။

Most read this week