ဂတိပျက်သွားသည့် ကြ့့ံဖွ့ံ ကိုယ်စားလှယ်တွေအပေါ် မဲဆန္ဒရှင်များ စိတ်ပျက်

ဂတိပျက်သွားသည့် ကြ့့ံဖွ့ံ ကိုယ်စားလှယ်တွေအပေါ် မဲဆန္ဒရှင်များ စိတ်ပျက်
by -
ခိုနူမ်းထုန်သတင်း

နို၀င်ဘာ ရ ရက် ရွေးကောက်ပွဲတွင် အရွေးကောက်ခံ ကြ့ံဖွံ့ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်များအပေါ် ပေးထားသည့် ဂတိ မတည်ခြင်းနှင့် ပါတ်သက်ပြီး ဒေသခံပြည်သူများ အင်မတန် စိတ်ပျက်နေ ...

နို၀င်ဘာ ရ ရက် ရွေးကောက်ပွဲတွင် အရွေးကောက်ခံ ကြ့ံဖွံ့ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်များအပေါ် ပေးထားသည့် ဂတိ မတည်ခြင်းနှင့် ပါတ်သက်ပြီး ဒေသခံပြည်သူများ အင်မတန် စိတ်ပျက်နေကြသည်ဟု သိရသည်။

ချင်းပြည်နယ်မတူပီမြို့နယ်မှ ယူအက်စ်ဒီပီ ပြည်သူ့ကိုယ်စားလှယ်အဖြစ်အရွေးခံထားသည့် ဒေါက်တာရိုအုပ် သည် မိမိကို မဲပေးပါက
ရေပိုက်များပေးမည်ဆိုသည့် ဂတိကို ဖျောက်ဖျက်သွားသည်ဟု ဆတူးကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

”သူ့ ဂတိအတိုင်း ကျတော်တို့ရပ်ရွာလူကြီးတွေ ဒီဇင်ဘာ ပထမပတ်ကသူ့ဆီသွားကြတာ၊ ခင်ဗျားတို့ အီး အဲန် ဒီပီ ကိုယ်စားလှယ် ပူးဗန်ကျင်ကို သွားတောင်းကြလို့ ပြောလွှတ်လိုက်တယ်၊ စိတ်ပျက်စရာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ရွေးကောက်ပွဲတွင် ဆတူးကျေးရွာ၊ ပါမိုင်းကျေးရွာ၊ ပါဆင်းရွာသစ် ပြည်သူများသည် ရေပိုက်ရရှိရေး အပေး အယူလုပ်ပြီး
ကြ့ံဖွံ့ကိုယ်စားလှယ်အား တရွာလုံး မဲပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလတွင် မတူပီမြို့နယ် အတွင်း အမျိုးသား ကိုယ်စားလှယ်အဖြစ် အီးအဲန်ဒီပီမှလည်းကောင်း၊ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ယူအက်စ်ဒီပီမှ လည်းကောင်း မဲပေးကြရန် အပေးအယူ လုပ်ထားကြခြင်းဖြစ်သည် ဟုပြောဆိုကြသည်။
သို့သော် အမျိုးသား ကိုယ်စားလှယ်အဖြစ် စီပီပီမှ ရရှိသွားပြီး ပြည်သူ့ကိုယ်စားလှယ်အဖြစ် ယူအက်စ်ဒီပီမှ ရရှိ သွားသည်။

“အတွေ့အကြုံတခုလိုပဲ ပြောရတော့မှာပေါ့၊ လွန်ကုန်ပီ” ဟု အီးအဲန်ဒီပီ ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

Most read this week