မီဇိုရမ်ပြည်နယ်၊ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့Central Anti Drugs Spuad (CADS) က ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် မြန်မာ နိုင်ငံသား ညီအကိုနှစ်ဦးထံမှ ရူပီး ၁၅ သိန်းဖိုး ဘိန်းဖြူ ဖမ်းဆီး ...
မီဇိုရမ်ပြည်နယ်၊ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့Central Anti Drugs Spuad (CADS) က ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် မြန်မာ နိုင်ငံသား ညီအကိုနှစ်ဦးထံမှ ရူပီး ၁၅ သိန်းဖိုး ဘိန်းဖြူ ဖမ်းဆီးကြောင်း သိရသည်။
Lalchuaimawia ၏ သားများဖြစ်ကြသောတရားခံ Vanlalfela (29) နှင့် Miakchawimawia (20) တို့အား သက်ဆိုင်ရာမှ ဖမ်းဆီးပြီး အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။
ဘိန်းဖြူ ၁ ဟောင်ကို ၄င်းတို့အိမ်ငှားနေထိုင်သည့် အိုင်ဇောလ်မြို့ khatla ရပ်ကွက်နေအိမ်တွင် ဖမ်းဆီးခဲ့ကြပြီး Cane ၂၀ ကို အိုင်ဇောလ်မြို့ I T I ရပ်ကွက် Mualpui လမ်းတွင် ဖမ်းဆီးခဲ့ကြောင်း အားလုံး ၁ ဟောင် နှင့် Cane ၂၀ ဖြစ်ပြီး လက်ရှိ ပေါက်စျေးသည် ၁ Cane ရူပီး ၄၀၀၀ တန်ဖိုးရှိကြောင်း ဒေသထုတ်သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ဘိန်းဖြူတွေကို အမှတ် (၂) အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ သယ်ဆောင်လာကြခြင်းဖြစ် ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ CADS သည် ယခုနှစ် မေလ ၂၉ ရက်နေ့မှ စပြီး ဒေသတွင်း မူးယစ် ဆေး ၀ါးတိုက်ဖျက်ရေး လုပ်ငန်းကို တစိုက်မတ်မတ်စတင်အကောင်အထည်ဖော်ကြပြီး ၄င်းတို့လုပ်ငန်းအပေါ် ဘာသာရေး၊ လူမှု ရေး၊ ပါတီအဖွဲ့အစည်းအသီးသီးတို့မှ ထောက်ခံအားပေးမှုရရှိနေသည့် အပြင် အဆိုပါ အသင်းအဖွဲ့များထံမှ အလှူ ငွေ ရူပီး ၈၀၈၅၀၅ လက်ခံရရှိပြီးဖြစ်သည်။
CADS သည် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဖွဲ့စည်းထားသော လူမှုအသင်းအဖွဲ့ တခုဖြစ် သည်။