ဝေါ်လေတိုက်ပွဲ နအဖ ရ ဦး ကျဆုံး

ဝေါ်လေတိုက်ပွဲ နအဖ ရ ဦး ကျဆုံး
by -
စောသိန်းမြင့်

ကရင်ပြည်နယ် မြဝတီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ရ ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြော...

ကရင်ပြည်နယ် မြဝတီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ရ ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

24ယမန်နေ့ည ၈နာရီအချိန်တွင် ဝေါ်လေကျေးရွာ သုခမြိုင် ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ (၄ဝ၁) နှင့် (၄ဝ၉) တပ်ဖွဲ့ဝင်များအား ဒီကေဘီအေ တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွားရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒီကေဘီအေ (၉ဝ၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက ပြောသည်။

သူက “မနေ့ ည ၈နာရီအချိန်မှာ ကျနော်တို့တပ်ဖွဲ့က ဝေါ်လေ၊ သုခမြိုင် ဘုန်းကြီးကျောင်းမှာ ရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃ဝ ကြာတယ်။ နအဖဘက်က ရ ယောက် သေတယ်။ ကျနော်တို့ဘက်က ထိခိုက် ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ပြောကြားသည်။

၎င်းနယ်မြေတွင် လှုပ်ရှားလျှက်ရှိသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂ဝ၁)ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ယမန်နေ့ည က ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ဝေါ်လေရွာရှိ ဗျူဟာကုန်း၊ သုခမြိုင်ဘုန်းကြီးကျောင်းနှင့် ဝေါ်လေစာသင်ကျောင်းဝင်း နေရာ ၃နေ ရာတွင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဝေါ်လေရွာသားတဦးက “ညက ဝေါ်လေမှာ အကြီးအကျယ် တိုက်ပွဲဖြစ်တော့ ရွာသူရွာသားတွေ အကုန်လုံး ထိုင်းဘက်ခြမ်းကို ကူးခဲ့ကြတယ်။ ဒီနေ့မနက် သေနတ်သံတွေ ပြန်တိတ်တော့ ရွာသားတချို့ ပြန်ကူးကြတာရှိတယ်။ ရွာသားတွေကတော့ ပြေး လိုက်ပြန်လိုက်ပဲ။”ဟု ပြောသည်။

အလားတူ ဝေါ်လေဒေသ ဖလူးဒေသဘက်တွင်လည်း နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ကတည်းက ဖြစ် ပွားခဲ့သည့် တိုက်ပွဲမှာ ယနေ့ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်ရပ်လိုက်ဖြင့် ပစ်ခတ်နေဆဲဖြစ်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို ယခု အချိန်ထိ မသိရှိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အဆိုပါ ဝေါ်လေဒေသတွင် နယ်မြေခံ ဒီကေဘီအေတပ်များကို နအဖတပ်များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် ရွာသူရွာသား ၃ဝဝကျော်မှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာခဲ့ရာ ယမန်နေ့ည တိုက်ပွဲကြောင့် ယခုဆိုလျှင် ဝေါ်လေကျေးရွာမှ ရွာသူရွာသား ၂,ဝဝဝကျော် ထိုင်းဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေပြီး ဖြစ်သည်။

Most read this week