မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များက နိုဝင်ဘာ ရ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲမပေးသော ကျေးရွာအုပ်စုများ ...
မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များက နိုဝင်ဘာ ရ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲမပေးသော ကျေးရွာအုပ်စုများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲ၌ ဖလမ်းမြို့နယ် မဲဆန္ဒနယ် (၅) နေရာတွင် ချင်းတိုးတက်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိကာ ကြ့ံဖွံ့ပါတီ မရှုမလှ ရှုံးနိမ့်သောကြောင့် ယခုကဲ့သို ့ ပြောကြားခြင်း ဖြစ်သည်ဟု ဖလမ်းမြို့မှ ဒေသခံတဦးက ဆိုသည်။
အဆိုပါ ဒေသခံက ”ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေက ပြောကြတယ်- ဖလမ်းမြို့နယ်မှာ ကျတော်တို ့ကြံ့ဖွံ ့ပါတီရှုံးပေမဲ့လည်း နိုင်ငံတဝန်းမှာ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ အနိုင်ရလာတော့ အာဏာဟာ ကျတော်တို ့လက်ထက်ထဲမှာဘဲ ရှိတာဘဲတဲ့ ချင်းတိုးတက်ရေးပါတီဟာ ဘာမှ အာဏာမရှိပါဘူး။ ကျတော်တို ့ကြိုက်သလို လုပ်လို ့ရတယ်လို ့ပြောကြတယ်” ဟု ဆိုသည်။
ယခု ကြံ့ဖွံ ့ပါတီက နောက်နောင် ရွေးကောက်ပွဲပြုလုပ်လာလျင် ကြံ့ဖွံ ့ပါတီကို ပြည်သူက မဖြစ်မနေမဲများပေးနိုင်ရန် ပညာ ပေးသည့်အနေဖြင့် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမပေးသော ဒေသများကို ဒဏ်ခတ်သည့်အနေဖြင့် မည်သည့် ဖွံ ့ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးမည်မထင်ကြောင်း ပြည်တွင်းမှ ကျေးရွာတာဝန်ရှိသူတဦးက ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ဖလမ်းမြို ့နယ် ကြံ့ဖွံ ့ပါတီ အမတ်လောင်း U Kawl Luai သည် ဖလမး်မြို ့နယ်ကျေးရွာအသီးသီးသို ့ မဲစွယ်စည်းရုံးမှုပြုလုပ်ခဲ့ရာမှာ ယခုရွေးကောက်ပွဲတွင် ကြ့ံဖွံ ့ပါတီက အနိုင်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ ့ပါတီ ထောက်ခံမဲ မပေးပါက မည်သည့်ဖွံ ့ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ဒေသခံလူထုထံ ကြိုတင်ပြောကြားပြီးဖြစ်သည် ဟု သိရသည်။
တချို ့အစိုးရဝန်ထမ်း၊ ကုန်သည်နှင့် အခြားစီးပါွးရေးလုပ်ငန်းရှင်များသည် ၄င်းတို ့လုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ကြသော ကြောင့် ကြံ့ဖွံ ့ပါတီကို မဲပေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျတော်တို ့ကို ကြံ့ဖွံ ့ပါတီက လူထုကိုစည်းရုံးခိုင်းတယ်။ အမှန်မှာတော့ ဒီအစိုးရရဲ ့အခြေအနေကို သိပြီးသားပါ။ သူတို ့ လက်ထက်မှာ ဘယ်လိုဘဲ နိုင်ငံရေးကစားကစား သူတို ့အကျိုးအမြတ်အတွက် မရရတဲ့နည်းနဲ ့လုပ်သွားမယ်ဆိုတာ အကုန်သိကြတာဘဲ။ တဘက်မှာ အဲလိုအစိုးရကြိုက်သလို မလုပ်ပေးဘူးဆိုရင် ကျတော်တို ့ဘဲပြန်နစ်နာမည်ဆိုတာ သိပြီး ဆိုတော့ သူတို ့ကြိုက်တဲ့အတိုင်းလုပ်ပေးဘဲ လုပ်ပေးတာဘဲ” ဟု ကားပိုင်ရှင်တဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့ သည်။
ကြံ့ဖွံ ့ပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို ့နယ် ကျေးရွာ အသီးသီးရှိ အိမ်ထောင်စုတခုတွင် ကြံ့ဖွံ ့ပါတီ မဝင်မနေရ အမိန် ့ထုတ်ကာ အဖွဲ ့ဝင်အဖြစ်အတင်း လက်မှတ် ရေးထိုးခိုင်းသော်လည်း ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီက အနိုင်ရရှိသည်။
ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အမတ်နေရာ (၃၉)ရှိသည့်အနက် ကြံ့ဖွံ ့ပါတီက (၁၈)နေရာ၊ ချင်းတိုးတက်ရေးပါတီမှ (၁၁)နေရာ၊ ချင်းအမျိုးသားပါတီမှ (၉)နေရာနှင့် Ethnic National Development Party မှတစ်နေရာ အသီးသီးရရှိခဲ့ကြ သည်။
ချင်းပြည်နယ် မြို ့နယ်အသီးသီး၌ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များသည် မိမိတို့ပါတီကို ထောက်ခံမဲမပေးသော ကျေးရွာ အုပ်စုများကို မည်သည့်ဖွံ ့ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ပြောကြားနေသည့်အပြင် ချင်းအမည် ခံပါတီများ ကိုလည်း ရှုတ်ချပြောဆိုနေသည်ဟု သိရသည်။