မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ

မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ
by -
ခွန်အောင်မြတ်

ထိုင်းနယ်စပ်မြို့ဖြစ်သည့် မယ်ဆိုင်တွင် မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးအား ဆိုင်ကယ်ခိုးမှုဖြင့် အပစ်သတ် ခံလိုက်ရသည်ဟု ထိုင်းရဲအုပ်တဦးက ပြော ...

ထိုင်းနယ်စပ်မြို့ဖြစ်သည့် မယ်ဆိုင်တွင် မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးအား ဆိုင်ကယ်ခိုးမှုဖြင့် အပစ်သတ် ခံလိုက်ရသည်ဟု ထိုင်းရဲအုပ်တဦးက ပြောသည်။

ယခု အပစ်သတ်ခံရသူ သုံးဦးသည် ဆိုင်ကယ်ခိုးသူအုပ်စုမှဖြစ်ပြီး ထိုင်းတောင်ပေါ်သားနှင့် မြန်မာနိုင်ငံ သားများ ဖြစ်သည်ဟု မယ်ဆိုင်မြို့ရှိ ရဲအုပ်က ထိုင်းဘာသာဖြင့် ယခုလိုပြောသည်။

“သေချာတယ် ဘာဘတ်(မှတ်ပုံတင်)မှ မရှိဘူး။ မှတ်ပုံတင်လည်းမရှိဘူး၊ နယ်ခြားဖြတ်သန်းတဲ့ လက် မှတ်လည်းမရှိဘူး။ ညဘက်မှ ခိုးဝင်လာတာ။ တယောက်ကတော့ တောင်ပေါ်သား လက်မှတ် ရှိတယ်။ နောက်တယောက်ကတော့ ဗမာဆိုတာ သေချာတယ်။ ခုနအစောပိုင်းတုန်းက သေသွားတဲ့ တယောက် ကလည်း ဗမာဆိုတာ သေချာတယ်။ ဘာလက်မှတ်မှ မရှိဘူး။”

ယခုတလအတွင်း ဆိုင်ကယ်အစီးနှစ်ဆယ်ပျောက်ပြီး ယမန်နေ့က တစီးထံမံပျောက်ရာမှ ထိုင်း အာဏာပိုင်များ လိုက်လံဖမ်းဆီးရာ ၎င်းတို့ ပြန်လည်ခုခံသဖြင့် အသေဖမ်းလိုက်ခြင်း ဖြစ်သည်ဟု ယင်းရဲအုပ်က ပြောသည်။

“မနေ့တုန်းက တစီးရတယ်။ ဟွန်ဒါ dream ဆိုင်ကယ်တစီးတွေ့တယ်ဘေးနားမှာ။ ဒီလ ပျောက်သွား တာ အစီး ၂ဝ ကျော်တယ်။ ရဲကို ဓားနဲ့ပြန်ခံခံတယ်ဆိုပြီးတော့ ပစ်သတ်လိုက်တာ။”

အသတ်ခံရသူများ၏ အလောင်းကို သွားရောက်ကြည့်ခဲ့သူ မယ်ဆိုင်မြို့ရှိ မြန်မာနိုင်ငံသား ကိုမောင်က “မနေ့ က ညနေပိုင်းမှာမှသိတာ။ ကျနော်တို့ ဒီလိုတပ်ကုမ္ပဏီဘေးနားမှာ ဖာမီကို တက်တဲ့လမ်းပေါ့၊ တောင် ပေါ်ကို တက်တဲလမ်းပေါ့။ အဲဒီလမ်းဘေးမှာ ကျနော်တို့မယ်ဆိုင်မြို့ရဲ့ ပစ်တဲ့ အမှိုက်ပုံရှိတယ်။ အဲ အမှိုက်ပုံနားမှာ အသက် ၂၂ ပတ်ဝန်းနဲ့ ၂၅ ပတ်ဝန်းကျင် နှစ်ယောက်ပေါ့။ သေနတ်ဒဏ်ရာ အ မြောက်အများနဲ့ ကိုးလုံးကျည်နဲ့ အပစ်ခံရတယ်။ နောက်တယောက်လည်း ထို့နည်းလည်းကောင်းပဲ နဖူးအပစ်ခံရတယ်။ ဓားနဲ့ သူတို့ပြန်ခုခံတယ်လို့ပြောတယ်။ ယိုးဒယားရဲကို ပြန်ခုခံတယ်ဆိုပြီးမှ ဓားနဲ့ပေါ့။” ဟု ပြောသည်။

ထိုင်းအာဏာပိုင်က ဆိုင်ကယ်ခိုးမှုဖြင့် အပစ်သတ်ခံရသူများသည် မြန်မာနိုင်ငံသားဟု ပြောဆိုသော် လည်း ၎င်း တို့သည် မြန်မာနိုင်ငံသားများ မဖြစ်နိုင်ကြောင်း ကိုမောင်က ပြောသည်။

“သူတို့ထိုင်းရဲကတော့ ဒါမြန်မာပေါ့လေ။ ဆိုင်ကယ်လာခိုးလို့ ညဘက်မှာ ပစ်တယ်ဆိုတော့။ ဘေးမှာ လည်း ဘာအထောက်အထားမှမရှိဘူး။ နာမည်တွေလည်း မသိဘူးဗျာ။ ရုပ်တွေကလည် စုတ်ပြတ် သတ်နေပြီ။ ဘာအထောက်အထားမှလည်းမရှိတော့ ကိုယ့်နိုင်ငံသားဆိုတာ ကိုယ်အတည် မပြုနိုင်ဘူး လေ။ ဒါပေမယ့် မြန်မာဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ပုံစံကြည့်ရတာတော့ မြန်မာတော့ မဟုတ် လောက်ပါဘူး။”  

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်အတွင်းတွင် ကား၊ ဆိုင်ကယ် ခိုးဂိုဏ်းနှင့် မူးယစ်ဆေးဝါး သယ်ယူ သူများနှင့် ထိုင်းလုံခြံုရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလေ့ရှိပြီး ယင်းပစ်ခတ်မှုမှ အသေဖမ်းဆီးရမိ သူများကို  မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းရဲအုပ်က ပြောသည်။

Most read this week