မတူပီမြို့နယ်တွင် ချင်းမျိုးနွယ်စုပါတီ အီးအဲန်ဒီပီ ကိုယ်စားလှယ်တဦး အနိုင်ရ

မတူပီမြို့နယ်တွင် ချင်းမျိုးနွယ်စုပါတီ အီးအဲန်ဒီပီ ကိုယ်စားလှယ်တဦး အနိုင်ရ
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ မဲဆန္ဒနယ်တွင် ချင်းမျိုးနွယ်စုပါတီ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အီးအဲန်ဒီပီ)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ...

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ မဲဆန္ဒနယ်တွင် ချင်းမျိုးနွယ်စုပါတီ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အီးအဲန်ဒီပီ)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ ရရှိသွားသည်ဟု သိရသည်။

မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂ ) တွင် အီးအဲန်ဒီပီမှ ၀င်ရောက်အရွေးခံခဲ့သည့် ဦးဗန်ကျင်းက အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ကျန်ရှိသည့် မဲဆန္ဒနယ်မြေ အားလုံးကို ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရ ရှိသွားသည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီကနေ အမျိုးသားလွှတ်တော်အဖြစ် ဦးအာမိ၊ ပြည်သူ့လွှတ်တော်အဖြစ် ဒေါက်တာ ရိုအုပ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) တွင် ဦးအုန်းလွင်တို့က အနိုင်ရရှိသွားကြသည်ဟု သိရသည်။

မတူပီမြို့နယ်တွင် ယူအက်စ်ဒီပီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အဲန်ယူပီ၊အဲန်ဒီအက်ဖ်နှင့် အီးအဲန်ဒီပီ ပါတီတို့ အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ယူအက်စ်ဒီပီပါတီက နေရာအများဆုံး ရရှိခြင်းသည် ကြိုတင်မဲကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

“၀န်ထမ်းတွေက မဲမထည့်နိုင်သူတွေရဲ့ မဲပြားကို ယူပြီးထည့်တာတွေ များနေတယ်” ဟု ဒေသခံတွေက ပြောကြသည်။

အလားတူ ချင်းပြည်နယ် အထက်ပိုင်း တွန်းဇံမြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် ကြံ့ဖွံ့ပါတီက ထိပ်ဆုံးက ဦးဆောင်နေကြောင်း သိရသည်။