မလုံမခြုံ မဲရုံ

မလုံမခြုံ မဲရုံ
by -
မဇ္စျိမသတင်းဌာန

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် မဲရုံတွေမှာ မဲပေးသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်နေတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကနေ အဲဒီမြို့နယ်မှာ ဝင်အရွေးခံမယ့် ...

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် မဲရုံတွေမှာ မဲပေးသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်နေတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကနေ အဲဒီမြို့နယ်မှာ ဝင်အရွေးခံမယ့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးအောင်မျိုးဦးက ပြောပါတယ်။

“မဲပေးရင် ကျနော်တို့ သိတာက ဆန္ဒပြုခန်းဆိုတာ သပ်သပ်ရှိရမယ်။ သူက ရောနေတယ်။ အင်တာနက်ကဖေးမှာ ကွန်ပြူတာထားသလို အကန့်လေးတွေနဲ့ ကာထားတယ်။ ဘေးနားတွေမှာ မဲစာရွက်ထုတ်ပေးတဲ့လူတို့၊ မဲစာရင်းပြုလုပ်ပေးသူတို့ ထိုင်နေကြတယ်။ လုံခြုံမှု သိပ်မရှိဘူးပေါ့ဗျာ။ တမင်သက်သက် လုပ်တယ်လို့ ထင်တယ်။ လျှို့လျှို့ဝှက်ဝှက် မဟုတ်ဘူး။ လုံခြုံမှု မရှိဘူးဆိုတာက မဲပေးတဲ့လူရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သူ့ကိုများ အနောက်က ကြည့်နေမလား၊ ဘယ်ပါတီကို ထည့်လိုက်ရင် ဘယ်သူကများ တွေ့သွားမလဲဆိုတဲ့ သံသယဆိုတာ ရှိတယ်။ မဲပေးတဲ့လူက စိတ်လှုပ်ရှားမှု ဖြစ်တယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

ဒီလ ၅ ရက်နေ့ ကြိုတင်မဲကောက်ရာ မန်ကျဉ်းမြောက် (အရှေ့) ရယကရုံးမှာ ကော်မရှင်တာဝန်ရှိသူက မဲပေးသူကို ကြံ့ဖွံ့ပါတီ လက်ညှိုးထိုးထောက်ပြပြီး ထည့်ခိုင်းတယ်လို့လည်း သူက ပြောပါတယ်။

သူမဲထည့်ရတဲ့ မန်ကျည်းတန်းတောင် (အနောက်) မှာ မဲထည့်ခွင့်ရှိသူ ၂ဝ၆၈ ယောက်ရှိပြီ၊ ကြည့်မြင်တိုင်မှာ မဲရုံပေါင်း ၄၅ ရုံနဲ့ မဲရုံခွဲတွေလည်း ရှိပါတယ်။ ဒီကနေ့ မဲရုံတွေကို ကော်မရှင်တာဝန်ရှိသူတွေနဲ့ ရဲ ၁-၂ ယောက် ချထားပါတယ်။ မဲပေးသူကတော့ ကွက်တိကွက်ကြား ရှိနေပါတယ်။

Most read this week