ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်း ပေးငှါးရ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်း ပေးငှါးရ

မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်းကျေးရွာအုပ်စု၌ ဒေသခံခလရ (၆၁) တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ယ္ခုရက်ပိုင်း အတွင်း ဗမာ့တပ်ထွက်များကို တလငါးသောင်း ပေးပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းခဲ့ရသည်ဟု ဒေသခံရွာသား တစ်ဦးက ပြော...

မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်းကျေးရွာအုပ်စု၌ ဒေသခံခလရ (၆၁) တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ယ္ခုရက်ပိုင်း အတွင်း ဗမာ့တပ်ထွက်များကို တလငါးသောင်း ပေးပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းခဲ့ရသည်ဟု ဒေသခံရွာသား တစ်ဦးက ပြောပါသည်။

ပြည်သူ့စစ် ဖွဲ့စည်းရန်အတွက်   ကျေးရွာသားများနှင့်  ရဟန်းသံဃာတော်များ ကန့်ကွက် နေသည့် ကြား၌ ကျေးရွာအုပ်စုဥက္ကဌ နိုင်သာနိုးသည် ခလရ (၆၁) တပ်ရင်းမှ လက်နက်များ ယူဆောင်လာပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းခဲ့သည်ဟု ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။

ဤဒေသ၌ ကျေးရွာပြည်သူ့စစ် လုပ်ချင်မည့်သူ မရှိသည့်အတွက် ခလရ (၆၁) မှ ရဲဘော်ဟောင်း (၆) ယောက်ကို တစ်လငါးသောင်းစီ ပေးပြီး ငှားရမ်းခဲ့ရသည်ဟုလည်း ပြောပါသည်။

အယင်းအတွက်ကြောင့် ကျေးရွာအုပ်စုထဲရှိ ရွာသားများမှ တစ်လလျှင် ငွေကြေး ရှစ်သိန်း ကောက်ခံသွားမည်ဟု ကျေးရွာရယက အဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

ရေးမြို့နယ်အင်ဒင်းကျေးရွာအုပ်စုသည် ခြံလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရပါသည်။

ပြီးခဲ့သည့်နှစ် နွေပိုင်း၌ အပူရှိန် ရိုက်ခတ်ခဲ့သည့်အတွက်ကြောင့် ကွမ်းသီးပင်တွေ အသေအပျောက် များပြီး ကွမ်းအထွက်နှုန်းလဲ ထက်ဝက်ကျော် လျော့ကျခဲ့ပါသည်။

ယ္ခုကဲ့သို့ ကျေးရွာပြည်သူ့စစ်များအတွက် ငွေကြေး လစဉ် ပေးဆောင်ရမည်ဆိုလျှင် ဒေသခံပြည်သူများအတွက် အခက်အခဲများနှင့် တွေ့ကြုံနေရမည်ဟု ခြံလုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

ဤကဲ့သို့ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းလိုက်သည့်အတွက် ထိုဒေသများ၌ မွန်ပြည်သစ်ပါတီ၏ သြဇာအရှိန်အဝါ ကျဆင်းသွားရန်နှင့် နယ်မြေခံ သတင်းပေးများ မွေးထုတ်သွားရန် အစီအစဉ် ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသူ ဗိုလ်မှူး တစ်ဦးက ပြောပါသည်။