ပယက ရုံးကို ပြည်နယ် ၀န်ကြီးရုံးအဖြစ် ပြောင်းလဲ အသုံးပြုမည်ဖြစ်

ပယက ရုံးကို ပြည်နယ် ၀န်ကြီးရုံးအဖြစ် ပြောင်းလဲ အသုံးပြုမည်ဖြစ်

အောက်တိုဘာ ၂ ရက်နေ့မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို ပြည်နယ်ဝန်ကြီးရုံးအဖြစ် အသုံးပြုတော့မည်....

အောက်တိုဘာ ၂ ရက်နေ့မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို ပြည်နယ်ဝန်ကြီးရုံးအဖြစ် အသုံးပြုတော့မည်ဟု သိရသည်။

“နောက်မှာ ၀န်ကြီးရုံး သီးသန့်ဆောက်မလားတော့ မသိဘူး၊ အခု ရုံးခန်းကို ပြန်လည်ဖွဲ့စည်းနေရတယ်၊ ပယကရုံးနဲ့ တွဲရမယ်” ဟု ပယက ၀န်ထမ်းတဦးက ပြောသည်။
assembly3-150x150
ဝန်ကြီးများ ရုံးတွင် အရာရှိအဆင့် ၀န်ထမ်း ၂၀ ဦးကို နေပြည်တော်မှ တိုက်ရိုက်စေလွှတ်မည် ဖြစ်ပြီး ၀န်ထမ်း အသစ် (၄၀) ဦးနှင့်အတူ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အဆိုပါ ၀န်ထမ်းတွေကို ပယကရုံးမှ ဇွန်လတုန်းက ရွေးချယ်ခန့်ထားပြီး ဖြစ်ကြောင်း သိရသည်။

“၀န်ကြီးရုံး ၀န်ထမ်းအသစ်တွေနှင့် အရာရှိ (၂၀) လောက် ပြောင်းလာကြမှာ အဲဒါ သူတို့ နေဖို့အတွက် နေရာ ဖယ်ခိုင်းနေရတယ်” ဟု အဆိုပါ ပယကရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ဝန်ကြီးရုံး ၀န်ထမ်းများ နေထိုင်ဖို့အတွက် ဟားခါးမြို့အစိုးရ အိုးအိမ်တွင် နေထိုင်သူ ၀န်ထမ်းမိသားစု ၆၀ ခန့်ကို ဗျူဟာမှူးမှ ယခုလ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး နေရာမှ ဖယ်ခိုင်းကြောင်း၊ မလိုက်နာသူကို တရက် ကျပ်ငွေ ၁၀၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် အစိုးရ အိုးအိမ်လိုင်းခန်းနေ ၀န်ထမ်းမိသားစု (၆၀)အား ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ပယက) ရုံးက ပြောင်းရွေ့ခိုင်းခြင်းကြောင်း သိရှိရသည်။

အဆိုပါ ၀န်ထမ်း ၆၀ အနက် ၄၂ ဦးသာ အိုးအိမ်မှ ပြောင်းရွှေ့နိုင်ကြသော်လည်း ကျန်မိသားစုများသည် ငွေကြေး၊ အိမ်ခန်း ရှားပါး မှုကြောင့် ယခုထိ မပြောင်းနိုင်ကြသေးကြောင်း ထပ်မံသိရသည်။

“ပိုက်ဆံ ရှိယင်လည်း အိမ်ငှားဖို့ အိမ်ခန်းက ရှားတယ်ဗျ ၊ အထောက်အပံ့လည်း တစုံတရာ မရှိဘူး” ဟု အမည်မဖော်လိုသူ ၀န်ထမ်း တဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့သည်။

ချင်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ယခင် မဆလ ခေတ်ကတည်းက ယနေ့အထိ စစ်အစိုးရ အဆက်ဆက်က အစိုးရ၀န်ထမ်းများ နေသည့် အဆောက်အဦးအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

အခုကဲ့သို့  အဆောက်အဦးများကို ပြည်နယ်ဝန်ကြီးရုံးအဖြစ် ပြောင်းလဲခြင်းသည် စစ်အစိုးရက နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ၀န်ထမ်းများ ကြိုတင်ချထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ ပြည်သူများက သုံးသပ်ကြသည်။

သို့ လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရနှင့် သက်ဆိုင်သည့် မည်သည့် ပါတီကိုမဆို ဟားခါးဒေသခံ အများစု မဲပေးမည် မဟုတ်ကြောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရရဲ့ ယခု ကျင်းပမည့် ရွေးကောက်ပွဲ ကန့်ကွတ်သည်နှင့်အညီ ချင်းပြညနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ခန့်ကွတ်သောကြောင့် USDP အနေဖြင့် ချင်းပြည်သူရဲ့ ထောက်ခံမဲ ရမည် မထင်ကြောင်း ချင်းနိုင်ငံရေး သုံးသပ်သူများက ဆိုသည်။