သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ က မိခင် အမွေဆက်ခံ

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ က မိခင် အမွေဆက်ခံ

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA-N လက်အောက်ခံ တပ်မဟာ ၁ သည်  မိခင်တပ်ဖွဲ့ သျှမ်းပြည်တပ်မတော် အနေဖြင့်  ရပ်တည်သွားမည် ဖြစ်ကြောင်း ၎င်းအဖွဲ့မှ တပ်မှူး တစ်ဦး အပြောအရ သိရ....

အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA-N လက်အောက်ခံ တပ်မဟာ ၁ သည်  မိခင်တပ်ဖွဲ့ သျှမ်းပြည်တပ်မတော် အနေဖြင့်  ရပ်တည်သွားမည် ဖြစ်ကြောင်း ၎င်းအဖွဲ့မှ တပ်မှူး တစ်ဦး အပြောအရ သိရသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော်မှ ဗဟိုလုံခြုံရေးတပ် အပါအ၀င် တပ်မဟာ ၇ နှင့် ၃ တို့က ပြည်သူ့စစ် ဖွဲ့ရေး အဆိုကို လက်ခံထားပြီး ဗိုလ်ချုပ် ပန်ဖ ဦးစီးသည့် တပ်မဟာ ၁ က ယင်းအဆိုကို ငြင်းဆန်နေရာ စက်တင်ဘာလဆန်းမှ စ၍ တပ်မဟာ ၁ အစား သျှမ်းပြည်တပ်မတော်ဟု  အမည် ပြောင်းလဲ သုံးစွဲနေကြောင်း သိရသည်။
DSC02734
တပ်မဟာ ၁ သို့ ပြည်သူ့စစ်လက်ခံပြီး တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်တချို့ လာရောက် ပူးပေါင်းသဖြင့် ယခုအခါ ၎င်းတို့ တပ်ဖွဲ့ အင်အား ၃ ထောင်ကျော်ခန့် ရှိသည်ဟု ဆိုသည်။

“စက်တင်ဘာလဆန်းပိုင်းက စပြီး တပ်မဟာ ၁ လို့ မသုံးတော့ဘူး။ အက်အက် အေပဲ သုံးတယ်။ နအဖက ပြည်သူ့စစ် လက်ခံတဲ့ အဖွဲ့တွေကိုလည်း သိပ်ဖိအား မပေးရဲဘူး။ သူတို့က ဘက်ပြောင်းတာတွေ အက်အက်အေ (တောင်ပိုင်း)နဲ့ ပူးပေါင်းတာတွေ ရှိတော့ အဲဒီလုပ်ငန်းစဉ် ပီပီပြင်ပြင် အကောင်အထည် မပေါ်ဘူး” ဟု သူက ဆိုသည်။

ပြည်သူ့စစ် မဖွဲ့သဖြင့် တပ်မဟာ ၁ နှင့် ဆက်ဆံရေးကို နအဖဘက်မှ ဖြတ်တောက်ထားသည့် အနေအထားတွင် ယခုတစ်လအတွင်း နှစ်ဘက် တိုက်ပွဲငယ် နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

“အခုအနေအထားက အရင်ကလိုမျိုး ရွာထဲမှာ သိပ်မနေတော့ဘူး။ တောထဲတောင်ထဲမှာ အနေများတယ်။ တပ်ဖြန့်ထားတာတော့ လွန်ခဲ့တဲ့ ၂ လ ကျော်ကတည်းကပဲ။ နအဖနဲ့ ဆက်ဆံရေး အခြေအနေကတော့ အရင်ကလို အ၀င်အထွက် သိပ်မရှိတော့ဘူး။ လုံးဝ မရှိလုနီးပါး ဖြစ်သွားပြီ” ဟု ဆိုသည်။

ယခုအခါ နအဖက နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဖွဲ့ရေး လက်မခံသည့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များအား ဆက်ဆံရေး ဖြတ်တောက်လျှော့ချ လာချိန်တွင် တပ်မဟာ ၁ အဖွဲ့ကို SSA-N အနေဖြင့် ရပ်တည်ခွင့်ပေးဖွယ် မမြင်ကြောင်း တရုတ်နယ်စပ်မှ အပစ်ရပ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

၁၉၈၉ ခုနှစ်က သျှမ်းပြည် (မြောက်ပိုင်း) အထူးဒေသ (၃) ငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရတို့ အပစ် အခတ် ရပ်ဆဲခဲ့သည်။

၂၀၀၉ ခုနှစ်  ဧပြီလကုန်ပိုင်းတွင် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်တပ် (သို့မဟုတ်) ဋ္ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် နအဖ စစ်အစိုးရက အဆိုပြုခဲ့ရာ ယခုနှစ် ဧပြီလကုန်ပိုင်းတွင် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးလွယ်မောင်း အပါအ၀င် တပ်မဟာ အချို့က လက်ခံခဲ့ပြီး တပ်မဟာ ၁ က ယနေ့တိုင် ငြင်းဆန်နေဆဲ ဖြစ်သည်။

Most read this week