ဆည်ရေ ထပ်မံမြင့်တက်လာမှုကြောင့် လယ်ကွင်း ၁၀၀ ကျော်နှင့် တောင်ယာ ၁၆ ခင်း ရေလွှမ်းမိုးခံရ

ဆည်ရေ ထပ်မံမြင့်တက်လာမှုကြောင့် လယ်ကွင်း ၁၀၀ ကျော်နှင့် တောင်ယာ ၁၆ ခင်း ရေလွှမ်းမိုးခံရ
by -
စောသိန်းမြင့်

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့ကြားတွင် တည်ဆောက်ထားသော ရွှေကျင်ရေကာတာမှ ဆည်ရေ ဆက်လက်မြင့်တက်လာခြင်းကြောင့် ယခုလအတွင်း ထိုဒေသမှ လယ်ကွင်း ၁၄၀ ကွင်းနှင့် တောင်ယာခင်း ၁၆ ခင်း ရေလွှမ်းမိုးခံရကြောင်း ဒေသခံတစ်ဦးက ပြော....

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့ကြားတွင် တည်ဆောက်ထားသော ရွှေကျင်ရေကာတာမှ ဆည်ရေ ဆက်လက်မြင့်တက်လာခြင်းကြောင့် ယခုလအတွင်း ထိုဒေသမှ လယ်ကွင်း ၁၄၀ ကွင်းနှင့် တောင်ယာခင်း ၁၆ ခင်း ရေလွှမ်းမိုးခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရွှေကျင်မြို့နယ်မှ ဒေသခံ စောခါးချူးက “အခု မိုးရေကလည်း များလာသလို ဆည်က ရေကလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့အတွက် ၁၉၂ ဧက ရှိတဲ့ လယ်ကွင်း ၁၄၀ ကွင်းနဲ့ တောင်ယာ ၁၆ ခင်း ရေလွှမ်းမိုးခံရပြီ။ လက်ရှိ အခြေအနေအရဆိုရင် နောက်ထပ် တောင်ယာစပါး ၈ ခင်း ရေဖုံးလွှမ်းမယ့် အခြေအနေမှာ ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ ဆည်ရေသည် ယခုနှစ်ဆန်းပိုင်းက စတင်မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ယခုလို မိုးရာသီကာလတွင် မိုးရေ များပြားလာသောကြောင့် ရေကာတာ အမြင့်ကို ထပ်မြင့်လိုက်သောအခါ ဆည်ရေများ တဖြည်းဖြည်း မြင့်တက်လာသောကြောင့် လယ်မြေ၊ တောင်ယာများ ရေလွှမ်းမိုးခံရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
flooding
ယခုလို ရေလွှမ်းမိုးသည့်အတွက်ကြောင့် လယ်ယာ၊ တောင်ယာ၊ ဓညင်းခြံ၊ ရှောက်ခြံများဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည့် ဒေသခံ ရွာသားများ၏ ဥယျာဉ်ခြံ ဧကပေါင်း ၁၀,၀၀၀ ကျော်ခန့် ရေမြှုပ်ပျက်စီး ကုန်သည်ဟု စောခါးချူးက ပြောသည်။

မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်အင်ဂျင်နီယာများ၏ မြေပုံညွှန်းအရ လျှပ်စစ်ဓါတ်အား ၇၅ မီဂါဝပ် ရှိသည့် ထိုရေကာတာသည် ဆည်ရေအမြင့် ၁၈၅ ပေ၊ အလျား ၃,၆၀၀ ပေအထိ တက်ရန် ရှိပြီး ရေလှောင်ပမာဏ ၁၆၈,၅၀၀-KBC နှင့် ကန်ရေ ပြင်ဧရိယာ (၄၄) စတုရန်းမိုင် အထိ ရေလွှမ်းမိုးရန် ရှိကြောင်း ကြိုတင်တွက်ဆထားသော်လည်း လက်ရှိအချိန်တွင် ခန့်မှန်းထားသည်ထက် ပို၍ ရေမြင့်တက်လာကြောင်း ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (KRW) မှ နော်ဖောဂေခူက ပြောသည်။

၎င်းက “လက်ရှိ တက်လာတဲ့ ရေပမာဏဟာ အရင် သူတို့ ဆွဲထားတဲ့ Map (မြေပုံ)ထက် အခု အသစ်ပြန်ထုတ်တဲ့ Map အသစ် တခုနဲ့ ပြန်တိုင်း ကြည့်တော့ ဆည်ရေက အများကြီး ကျော်လွန်နေပြီ။ မိုးကလည်း မကုန်သေးဘူး။ ဒီထက် ထပ်တက်လာဖို့လည်း ရှိသေးတယ်” ဟု ဆိုသည်။

အဆိုပါ ရေကာတာ စီမံကိန်း စတင်စဉ်ကတည်းက ရေကာတာ တည်ဆောက်သည့် နေရာ အနီးတ၀ိုက်တွင် နအဖ စစ်တပ်မှ နယ်မြေရှင်းလင်းမှုများ လာရောက်လုပ်ဆောင်ခဲ့ရာ ထိုဒေသတွင်းရှိ စူးမုထာ၊ ဆီးဆိုကုန်း၊ ပိုလို၊ ဒူဘော၊ ညာ့မူကြီး၊ ကေဆာ ၀ါးကြီး၊ လယ့်ဝါး စသည့် ကျေးရွာများမှ ရွာသူ ရွာသား ၅၀၀ ကျော်မှာ ၎င်းတို့၏ အိုးအိမ်ပစ္စည်းများကို စွန့်ခွာပစ်ထားခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၎င်းရွာသူရွာသားများသည် ဥယျာဉ်ခြံများ အားလုံး ဆုံးရှုံးသွားသည့်အတွက် တောင်ပေါ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်သူများ ရှိသလို အချို့မှာ ရေကာတာ အနီးရှိ ရွှေကျင်ချောင်း ရွှေတူးဖော်ရေး လုပ်ငန်းတွင် နေ့စားအလုပ်ဖြင့် ၎င်းတို့၏ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု KRW က ပြောသည်။

ရွှေကျင်ရေကာတာကို မြန်မာစစ်အစိုးရက တရုတ်နိုင်ငံရှိ ကျွမ်းကျင်အင်ဂျင်ယာများကို ခေါ်ယူပြီး ၂၀၀၀ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး မြန်မာစစ်အစိုးရသည် ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်၊ ကေအဲန်ယူ ထိန်းချုပ်ရာ ခရိုင် ၇ ခုအတွင်းတွင် တည်ဆောက် ပြီးစီးသည့် ရေကာတာနှင့် တည်ဆောက်ဆဲ ရေကာတာ အားလုံး စုစုပေါင်း (၇) ခု ရှိသည်ဟု KRW က ဆိုသည်။

Most read this week