ငြိမ်းချမ်းရေးနေ့ ရခိုင် ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူပ်ရှားမူ ပေါ်ပေါက်

ငြိမ်းချမ်းရေးနေ့ ရခိုင် ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူပ်ရှားမူ ပေါ်ပေါက်

စက်တင်္ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ရခိုင်ပြည်နယ်မှ မြို့နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတန်း ဖြန့်ဝေသည့် လူပ်ရှားမူ တခု ပေါ်ပေါက်.....

စက်တင်္ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ရခိုင်ပြည်နယ်မှ မြို့နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတန်း ဖြန့်ဝေသည့် လူပ်ရှားမူ တခု ပေါ်ပေါက်ခဲ့သည်။

မောင်တောမြို့မှ ကျောင်းဆရာမ တစ်ဦးက “စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ကျွန်မတို့ နေထိုင်တဲ့ မောင်တောမြို့မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မောင်တောမှာ ဆိုရင် နေရာတိုင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်တွေကို ကပ်ထားတာကို တွေ့ရပါတယ်။ စာရွက်တွေမှာ ငြိမ်းချမ်းရေး ချိုးငှက်ပုံနဲ့ စာတန်းတွေ ရေးထား တာကို တွေ့ရပါတယ်” ဟု ပြောသည်။

မောင်တောမြို့တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ဖြန့်ဝေသော စာရွက်စာတန်းများကို အစိုးရ ရုံးအပြင် အုတ်နံရံများ၊ သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များတွင် ကပ်၍ တွေ့ရသည်ဟု သူမက ပြောသည်။

“ကပ်ထားတဲ့ စာရွက်တွေမှာ ရေးသားထားတာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြ။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာတန်းတွေ ရေးသားထားတာကို တွေ့ရပါတယ်။ ကွန်ပျူတာနဲ့ ကျကျနန ရေးသားပြီး အဲဒီစာရွက်တွေကို မောင်တောမြို့ တစ်ခုလုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်” ဟု သူမက ဆက်ပြောသည်။

နံနက် ၉ နာရီ အချိန်ထိ အဆိုပါ စာရွက်များကို မောင်တော သပြေလမ်းတွင် တွေ့မြင်ရပြီး နောက်ပိုင်းတွင် ရဲနှင့် နစက တပ်ဖွဲ့များ ရောက်ရှိလာပြီး စာရွက်များကို ဆုတ်ဖြဲပစ်ပြီး အချို့ကို ရဲစခန်းသို့ ယူဆောင်သွားကြသည်ဟု သိရသည်။

မောင်တော အမှတ် ၄ ရပ်ကွက်မှ အရပ်သား တစ်ဦးကလည်း “ခုလို စာရွက်စာတန်းတွေ မြို့တစ်ခုလုံး အနှံ့ ကပ်တာကတော့ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာရွက်တွေဆိုတော့ မြို့လူထု ကတော့ စိတ်ဝင်စားကြပါတယ်။ ပြီးတော့ မောင်တောက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခြင်္သေ့တံဆိပ်မှာ လည်ဆံမွေးနဲ့ မဟုတ်တော့ဘဲ မုတ်ဆိတ်မွေး ပေါက်နေတဲ့အတွက် လူတွေက တော်တော့ကို အံ့သြနေကြ ပါတယ်။ ခုလို အခြေ အနေမျိုးမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်တွေကို မောင်တောမှာ ကပ်တော့ လူတွေက ဒီအကြောင်းကိုဘဲ ပြောနေကြတာပါဘဲ” ဟု ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတန်းများကို မြို့အနှံ့တွင် ကပ်ထားသဖြင့် ယခုအခါ အာဏာပိုင်များက အဆိုပါ စာများကပ်ထားသူများကို အပူတပြင်း လိုက်လံ စုံစမ်းရှာဖွေနေကြောင်း သိရသည်။

 

 

 

 

 

Most read this week