ယူအက်စ်ဒီပီအတွက် မဲပြား အများဆုံး ရရှိသူများကို ရာထူးတိုးပေးမယ်

ယူအက်စ်ဒီပီအတွက် မဲပြား အများဆုံး ရရှိသူများကို ရာထူးတိုးပေးမယ်

ချင်းပြည်နယ် မတူပီမြို့နယ် ကော်မရှင်အဖွဲ့က မဲပြား အများဆုံး ရရှိသူများကို ရာထူးတိုးပေးမယ်ဟု ရွေးကောက်ပွဲ တာဝန်ကျ မဲရုံမှူးများအား စည်းရုံး....

ချင်းပြည်နယ် မတူပီမြို့နယ် ကော်မရှင်အဖွဲ့က မဲပြား အများဆုံး ရရှိသူများကို ရာထူးတိုးပေးမယ်ဟု ရွေးကောက်ပွဲ တာဝန်ကျ မဲရုံမှူးများအား စည်းရုံးကြောင်း သိရသည်။

မြို့နယ်ကော်မရှင်သည် ယခုလ  စက်တင်ဘာ ၄ ရက်နေ့က မဲရုံမှူးများအား မဲရုံမှူး သင်တန်း ခေါ်ယူပြီး ယခုကဲ့သို့ မှာကြားခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် တမြို့နယ်လုံးရှိ ၀န်ထမ်းများ၊ ကျေးရွာအုပ်စု ဥက္ကဌများ၊ အငြိမ်းစား ၀န်ထမ်းများလည်း ပါဝင်တက်ရောက်ကြောင်း သိရသည်။

“ကြံ့ခိုင်ရေး ပါတီအတွက် မဲအများဆုံး ရတဲ့ မဲရုံမှူးတွေကို ရာထူးတိုးမြင့်ပေးမည်လို့ သင်တန်းဆရာတွေက ပြောကြတယ်၊ မဲကို ဘယ်လိုရနိုင်မလဲဆိုတာတော့ အသေးစိပ် မပြောကြဘူး” ဟု သင်တန်း တက်ရောက်သူ ရယက ဥက္ကဌ တဦးက ပြောသည်။

ဆက်လက်ပြီး ၀န်ထမ်းတဦးက  “သင်တန်းလို့သာ ပြောကြတာ၊ အမှန်မှာတော့ ပါတီစည်းရုံးရေး လုပ်တာပဲ၊ ကြံ့ဖွံ့ပါတီ အတွက်ပေါ့” ဟု ပြောသည်။

မတူပီမြို့နယ် ကြံ့ဖွံ့ပါတီသည် ဒေသခံများအား ကားလမ်း ဖောက်လုပ်ပေးရန် ဂတိပြုပြီး မဲဆွယ် စည်းရုံးမှု များလည်း ရှိသည်။

“ကျတော်တို့က ဒေသအတွင်း ကားလမ်း ဖောက်လုပ်ပေးယင် မဲပေးမယ်လို့ ပြောတော့ လုပ်ပေးမယ် ပြောကြ တယ်၊ အခုထိတော့ ဘာမှ မလုပ်ကြသေးဘူး”  ဟု ဒေသခံ သင်းအုပ်ဆရာ တဦးက ပြောသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်အတွင်း ချင်းပြည်နယ်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဟုန်းငိုင်နှင့်  အဖွဲ့ မတူပီမြို့သို့ ရောက်ရှိလာကြပြီး မဲဆွယ်စည်းရုံးခဲ့ကြကြောင်း ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ဆောင်သင့်သည်ဟု ယူအက်စ်ဒီပီ ပါတီဝင်တွေကို မှာကြားသွားကြကြောင်း သိရသည်။

အလားတူ ယခုလ ပထမပတ်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ပြည်သူများအား မဲဆွယ်စည်းရုံးကြောင်း ထပ်မံသိရသည်။

“တစည ပါတီကို မဲပေးထောက်ခံကျဖို့၊ တစည ပါတီသာ အနိုင်ရရင် အစိုးရဝန်ထမ်းမှန်သမျှ လစာတိုးပေးမည်လို့ စည်းရုံးကြတယ်” ဟု ကလေးမြို့နယ် လက်ပံချောင်းရွာသား တဦးက ခိုနှုန်းသုန်ကို ပြောသည်။

မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ် ဒေသခံများသည် ယခု လက်ရှိတွင် ၀ါးသုဉ်းမှုကြောင့် အစာအရေစာ ပြတ်လတ်မှုနှင့် ကြုံတွေ့နေကြရသဖြင့် စားရေးသောက်ရေးနှင့်သာ လုံးပမ်းနေရပြီး ရွေးကောက်ပွဲ ကိစ္စကို စိတ်မ၀င်စားကြကြောင်း ဒေသခံများ အဆိုအရ သိရသည်။

 

 

 

 

Most read this week