မြန်မာနိုင်ငံမှ အမျိုးသမီး ၂ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဓါးပြတိုက်ခံရ

မြန်မာနိုင်ငံမှ အမျိုးသမီး ၂ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဓါးပြတိုက်ခံရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် မောင်တောမှ စီးပွားရေး လုပ်ကိုင်နေသော ရခိုင်အမျိုးသမီး ၂ ဦးမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ နတ်မြစ်ကို ဖြတ်ပြီး လှေဖြင့် လာစဉ် ဓါးပြတိုက် ခံခဲ့ရ...

ရခိုင်ပြည်နယ် မောင်တောမှ စီးပွားရေး လုပ်ကိုင်နေသော ရခိုင်အမျိုးသမီး ၂ ဦးမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ နတ်မြစ်ကို ဖြတ်ပြီး လှေဖြင့် လာစဉ် ဓါးပြတိုက် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ဓါးပြတိုက်ခံရသူ အမျိုးသမီးများမှာ မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာမှ ဒေါ်လှမေ (၄၀) နှင့် ဒေါ်စုစုယေ (၃၀) ဖြစ်ကြသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဘက်ခြမ်းတွင် တည်ရှိသော မြစ်နားရွာမှ ရွာသား တစ်ဦးက “ဓါးပြတိုက်တဲ့ နေရာက ကျွန်တော်တို့ ရွာအနီးမှာ တည်ရှိတဲ့ အင်န၀ါ project အမည်ပေးထားတဲ့ နေရာနားမှာ အတိုက်ခံ ရတာပါ။ တိုက်တာက ကုလား လူဆိုး ဓါးပြတွေပါ။ လက်ဝတ် လက်စားတွေနဲ့ ငွေ နည်းနည်း ပါသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

မြစ်နားရွာမှာ တက်ကနက်မြို့နယ်အတွင်းရှိ နတ်မြစ် ကမ်းနဘေးတွင် တည်ရှိသော ရခိုင်ကျေးရွာကြီး တရွာ ဖြစ်ပြီး မြန်မာဘက်ကမ်းမှ စီးပွားရေး သမားများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လိုပါက နတ်မြစ်ကို လှေဖြင့် ဖြတ်ကူးပြီး အဆိုပါ ကျေးရွာမှတဆင့် လာရောက်ကြရသည်။

ဓါးပြတိုက်ခံရသူ အမျိုးသမီး နှစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူတို့က “ကျွန်မတို့ မြန်မာဘက်ကနေ လှေနဲ့ မြစ်နားရွာကို လာတာ ဖြစ်ပါတယ်။ မြစ်နားရွာ ဆိပ်ကမ်းကို မရောက်ခင် မြစ်ထဲမှာ ဓါးပြ ၈ ယောက်က လှေ တစီးနဲ့ လိုက်လာပြီးတော့ ကျွန်မတို့ကို ဓါးတွေနဲ့ ခုတ်တယ်။ တုတ်တဲ့ ရိုက်ပါတယ်။ ပြီးရင် နားမှာ ပါလာတဲ့ ရွှေနကွင်း ၂ စုံနဲ့ ရွှေလက်ကောက် ၂ ကွင်းကို အတင်း ချွတ်ယူသွားပါတယ်။ ပါလာတဲ့ ပိုက်ဆံ တာကာ ၁၄၀၀၀ ကိုလည်း ယူသွားပါတယ်” ဟု ပြောသည်။

အမျိုးသမီး ၂ ယောက်နှင့်အတူ လိုက်ပါလာသော လှေတက်မကိုင်နှင့် တခြား မွတ်ဆလင် သုံးဦးကိုလည်း ဓါးပြများက တုတ်များဖြင့် ရိုက်နှက်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရှိသွားသည်ဟု သိရသည်။

 

 

 

 

 

 

 

Most read this week