ပြီးခဲ့သည့် စက်တင်ဘာ (၂) ရက်နေ့၌ ကလေးမွေးရန် မွန်ပြည်နယ်၊ ရေးမြို့ဆေးရုံသို့ တက်ရောက်လာခဲ့သော ဟံဂံရွာနေ ဒေါ်မိချိုသည် ကလေးမွေးပြီးသည့် အချိန်ထိ ငွေမပေးနိုင်သေးသည့်အတွက် ခွဲစိပ်ထားသည့် အရာကိုလည်း ပြန်လည်ချုပ် မပေး....
ပြီးခဲ့သည့် စက်တင်ဘာ (၂) ရက်နေ့၌ ကလေးမွေးရန် မွန်ပြည်နယ်၊ ရေးမြို့ဆေးရုံသို့ တက်ရောက်လာခဲ့သော ဟံဂံရွာနေ ဒေါ်မိချိုသည် ကလေးမွေးပြီးသည့် အချိန်ထိ ငွေမပေးနိုင်သေးသည့်အတွက် ခွဲစိပ်ထားသည့် အရာကိုလည်း ပြန်လည်ချုပ် မပေးသည့်အပြင် ကလေးကိုလည်း ဒီအတိုင်း ပစ်ထားခဲ့သဖြင့် သေဆုံးသွားခဲ့ပါသည်။
ဒေါ်မိချိုသည် ဗိုက်ခွဲပြီး မွေးရမည့် အခြေအနေကြောင့် ငွေမရှိသော်လည်း ရေးမြို့ ဆေးရုံကို တက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဆေးရုံဝန်ထမ်းများကလည်း ကလေးကို ဗိုက်ခွဲပြီး မွေးပေးခဲ့ပါသည်။ သို့ သော် ကလေးမွေးချိန်အထိ သတ်မှတ်ထားသည့် ငွေကို ဆေးရုံဝန်ထမ်းထံ မပေးသွင်းနိုင်သေးပါ။ ထို့ ကြောင့် ဒေါ်မိချိုကို ဗိုက်ခွဲထားသည့်အရာအတိုင်း ချုပ်မပေးဘဲ ထားခဲ့သလို မွေးကင်းစကလေးကိုလည်း ပစ်ထားခဲ့ပါသည်။
အဲဒီအခြေအနေကြောင့် ကာယကံရှင်များသည် ရနိုင်သည့်နည်းဖြင့် ငွေရှာပြီး ပေးသွင်းနိုင်တော့မှ ဒေါ်မိချို၏ ဗိုက်ခွဲရာကို ပြန် လည် ချုပ်ပေးခဲ့ပါသည်။ ငွေရှာချိန်မှာ အချိန်တနာရီလောက်ကြာသွားသည့်အတွက် မွေးကင်းစကလေးလည်း သေဆုံးသွားခဲ့ပါသည်။
ဒေါ်မိချိုသည် စက်တင်ဘာ(၉)ရက်နေ့မှာ ဆေးရုံမှဆင်းသွားခဲ့ပါသည်။ “ကျမထင်သလိုပါ ဘဲ ဆေး ရုံကိုရောက်တဲ့ အခါကျတော့ ခွဲမွေးရမယ်လို့ပြောလာပါတယ်၊ ကျမပြောလိုက် တာက ကျွန်မတို့ မှာပိုတ်ဆံ မရှိ ဘူးပေါ့လေ ပြောတော့ နာပ်စ်မကဘာပြောလဲဆိုတော့ နင်တို့ မှာပိုတ်ဆံမရှိဘဲနဲ့  ဘာလို့ဆေးရုံ တတ်သေးလဲ လို့ပြောလိုက်တယ်” ကာယကံရှင်မှာမူ ဒီလောက်အထိ ရက်စက်လိမ့်မယ်မထင်လို့ ယခုလို ဆေးရုံကိုရောက်လာရတာပါဟုဆိုပါသည်။
ဤအဖြစ်မျိုးနှင့် ရေးမြို့ဆေးရုံသည် နာမည်ကြီးလှပြီး အသက်ပေါင်းများစွာလည်း စတေးခဲ့ပြီး ဖြစ်ပါသည်။
ဤအဖြစ်ဆိုးမျိုးသည်အစိုးရ၏စရိတ်မျှပေး ကျန်းမာရေးစနစ်ကြောင့်ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ရည်မှန်း ချက် (၂)ရပ် ၌ လူတိုင်းသက်တမ်းစေ့ အသက် ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးဟု ပြဌာန်းထားသော်လည်း လက်တွေ့ မကျဟု ငွေကြေး မတတ်နိုင်သည့် သူ များက ဝေဖန်ကြပါသည် ။ အလားတူကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နည်းနာ (၃)ရပ်ထဲ၌လည်း ရောဂါဖြစ်ပွား လာလျှင်ထိရောက်စွာ ကုသမှုပေးရမည်ဟုဆိုထားပါသည်။
သို့ သော်လည်း ဆင်းရဲသည့် မြန်မာပြည်သူများအတွက်မှာမူ ဤစရိတ်မျှပေး ကျန်းမာရေးစနစ်က အဟန့် အတား ဖြစ်နေသည်ဟု ဝေဖန်ထောက်ပြကြပါသည်။