မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဗဟိုရွေးကောက်ပွဲကော်မီရှင်သို့  အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို တင်ပြနိုင်ရန် နောက်ဆုံးအတည်ပြုရမည့် စာရင်းကိုပြုစု....
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ဗဟိုရွေးကောက်ပွဲကော်မီရှင်သို့  အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို တင်ပြနိုင်ရန် နောက်ဆုံးအတည်ပြုရမည့် စာရင်းကိုပြုစု နေသည်ဟု ၄င်းတို့ ပါတီဝင်များက ပြောပါသည်။
ဗဟိုရွေးကောက်ပွဲ ကော်မီရှင်သည် သြဂုတ်လ(၃၀)ရက် နေ့ကိုနောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် တနိုင်ငံလုံးရှိ ရွေးကောက်ပွဲ ၀င်မည့် ပါတီများအား နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်းရှိ မွန်လူမျိုး များကို အခြေခံပြီး ရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူဆီက သိရပါသည်။ အများ ဆုံး (၁၁) မြို့နယ်မျှ ၀င်ပြိုင်မည်ဟု ဆိုပါသည်။
၎င်းမြို့ နယ်များမှာ ရေးမြို့ နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့ နယ်၊ မော်လမြိုင်မြို့ နယ်၊ ကျိုက်မရောမြို့ နယ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့ နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကော့က ရိတ်မြို့ နယ်၊ ဖါးအံမြို့ နယ်၊ ပေါင်မြို့ နယ၊် ရေဖြူမြို့ နယ်တို့ ဖြစ်သည်။
သို့ရာတွင် အမတ်လောင်းစာရင်းအတိအကျကို မနက်ဖြန်မှ သိရှိနိုင်မည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပြောပြချက်အရ သိရသည်။
အထက်ပါစာရင်းများမှာ နောက်ဆုံးအတည်ပြုထားသည့် စာရင်းဖြစ်ပြီး စာရင်းတင်ပြနိုင်ရန် တရားရုံးထံ ကြိုတင် အကြောင်းကြားခြင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မီရှင်ထံ သွင်းထားသည့် ဘဏ်ငွေစာရင်း များကို အချိန်မှီ တင်ပြ နေရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)သည် ပြည်သူ့ လွှတ်တော် အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်မှာပါ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရပါသည်။ ဤကိုယ်စားလှယ်များအတွက် လိုအပ်သည်များကို အချိန်မှီ တင်ပြနိုင်ရန် ကြိုးစားနေရပါသည်။
“ပေးတဲ့အချိန်ကလည်း နည်းလိုက်တာ။ ဒီတော့လွှတ်တော်ကိုယ်စားလှယ်များအတွက် ဓါတ် ပုံရိုက်တာ လျှောက်လွှာပုံစံစိစစ်တာ ကိုယ်ရေးရာဇဝင်တွေဖြည့်စွက်တာ ဘဏ်ငွေသွင်းတာတွေကို အချိန်မှီအောင် မနည်းလုပ်နေရပါတယ်၊ ပြီးတော့ပါဝင်ရှင်ပြိုင်တဲ့ အမတ်လောင်းစာရင်းကိုလည်း နောက်ဆုံး အတည်ပြုတဲ့ စာရင်း ထွက်လာအောင်လည်း အချိန်မှီလုပ်နေရသလို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး တရားသူကြီးရုံး တွေကိုလည်း ဒီလ(၃၀)ရက်နေ့အမှီ အမည်စာရင်းတွေ တင်သွင်းနိုင်အောင် အလျင်အမြန်ကို လုပ်နေရပါတယ်” ဟု (AMRDP)မှ ပါတီဝင် တဦးက ပြောပါသည်။
မွန်ပြည်နယ်ဖြစ်သော်ငြား ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတည်မပြု နိုင်သေးသည့်အတွက် ဘီလင်းမြို့နယ်၊ ကျိုတ်ထိုနှင့်သထုံမြို့နယ်တို့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအနေဖြင့် ပါဝင် ယှဉ်ပြိုင်မည် မဟုတ်သိရပါသည်။
ထို့အပြင် မဲထည့်ရာ၌ မမှားရစေရန်မဲဆန္ဒရှင်များအား ပညာပေးရန်အတွက် ပြီးခဲ့သည့်သြဂုတ်လ (၂၇)ရက်တွင် မဲထည့်တတ်ရေး ပညာပေးမှုသင်တန်းကိုလည်း ပို့ ချခဲ့ပါသည်။
စစ်အစိုးရသည် ပါတီတည်ထောင်ခွင့်ပေးသည့်အချိန် မှာလည်း အချိန်နီးကပ်မှခွင့်ပြုသလို လူထုစည်းရုံးခွင့် ပါတီဝင် စုဆောင်းချိန် ရွေးကောက်ပွဲကော်မီရှင်ကိစ္စ တရားသူကြီးရုံးကိစ္စနှင့် အခြားကိစ္စတွေမှာ အချိန် လုံလောက်မှု မရှိပေ။
ဤသို့ကြောင့် လက်ရှိစစ်အစိုးရမှကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း အကဲခတ်များ ယူဆပြောဆိုနေသည်။