၂၀၁၀ ရွေးကောက်ပွဲသည် ချင်းလူမျိုးများ လက်လွှတ်မခံသင့်သော အခွင့်အရေးတရပ်ဟု စီအဲန်ပီပြော

၂၀၁၀ ရွေးကောက်ပွဲသည် ချင်းလူမျိုးများ လက်လွှတ်မခံသင့်သော အခွင့်အရေးတရပ်ဟု စီအဲန်ပီပြော

နအဖစစ်အစိုးရမှ ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ချင်းလူမျိုးများအတွက် လက်လွတ်ဆုံးရှုံး မခံသင့်သည့် အခွင့်အရေး တရပ် ဖြစ်သည်ဟု ချင်းအမျိုးသားပါတီ (စီအဲန်ပီ)က ပြော....

နအဖစစ်အစိုးရမှ ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ချင်းလူမျိုးများအတွက် လက်လွတ်ဆုံးရှုံး မခံသင့်သည့် အခွင့်အရေး တရပ် ဖြစ်သည်ဟု ချင်းအမျိုးသားပါတီ (စီအဲန်ပီ)က ပြောဆိုလိုက်သည်။

မကြာသေးခင်က ထုတ်ဝေလိုက်သည့် စီအဲန်ပီပါတီ၏ စည်းရုံးလက်စွဲတွင် ချင်းလူမျိုးများသည် ယနေ့အချိန်တွင် ၀မ်းစာခက်ခဲမှု၊ ဘာသာစကား၊ ယဉ်ကျေးမှု တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်မှု၊ နယ်နိမိတ် တဖြည်းဖြည်း ကျဉ်းမြောင်းလာမှု၊ ပြည်ပသို့ အလုံးအရင်းဖြင့် ပြောင်းရွေ့နေထိုင်မှု ပြသာနာများနှင့် ကြုံတွေ့လာကာ လူမျိုး ပျောက်ကွယ်သွားနိုင်သည့်အထိ စိုးရိမ်ဘွယ်အနေအထားသို့ဆိုက်ရောက်လာပြီဟု ဖော်ပြထားသည်။

ဤကဲ့သို. ဆုံးရှုံးနစ်နာမှုအခြေအနေမှ ချင်းပြည်သူများအား ကယ်တင်၊စောင့်ရှောက် နိုင်ရန် နိုင်ငံတော်အစိုးရမှ ချမှတ်ထား သော မူဝါဒလမ်းစဉ် ရ ရပ်အရ ရွေးကောက် ပွဲသို.၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် လက်လွတ် မခံသင့်သော အခွင့်အရေး တရပ်ဖြစ် သည်ဟုဖော်ပြရေးသားထားသည်။

စီအဲန်ပီပါတီသည့် ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ.က ဦးဇိုးဇမ်ဦးဆောင်ပြီး ချင်းပညာ တတ်လူငယ် အများစု ဖြင့်ဖွဲ.စည်းထားသည့် ချင်းတမျိူးသားလုံး ကိုယ်စားပြုပါတီတခု ဖြစ် သည်။ စီအဲန်ပီပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ၏ ၉ မြို.နယ် စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယခုချိန်ထိ မြို.နယ်အဆင့်အလုပ်အမှုဆောင်ကော်မီတီ နှင့် ပါတီရုံးခွဲများကိုချင်းပြည် နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့်ဖလမ်းမြို.တို.တွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ပါတီဥက္ကဌ ဦးဇိုးဇမ်နှင့် အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင် တို.ကိုယ်တိုင်ချင်းတောင်သို. စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင် နေကြဆဲ ဖြစ်သည်။

စီအဲန်ပီ ဥက္ကဌ ပူး ဇိုးဇမ်းက နအဖစစ်အစိုးရကျင်းပပြုလုပ်ပေးမည့် ၂၀၁၀ ရွေး ကောက်ပွဲသို. ၀င်ရောက် ယှဉ်ပြိုင်ရသည့် အကြောင်းရင်းနဲ.ပတ်သက်ပြီး ပြည်ပအခြေ စိုက် မဇ္စျိမသတင်းဌါနနဲ.အင်တာဗျူးရာတွင် ထမင်းစားပွဲတခုပမာ ဥပမာပေး ပြော ဆိုခဲ့သည်။

သူက“ ဥပမာအနေနဲ့ အခု ထမင်းပွဲ ၁၀၀ အနက် ၂၅က စားမည့်သူရှိကြောင်း ကျန် ရ၅ပွဲကို အပုပ်မခံ နိုင်ကြောင်း၊ ဒီထမင်းပွဲကို အဆုံးအရှူံးမခံနိုင်ကြောင်းစားပွဲဝိုင်း တခုမှာ အတူတူစားပြီးစကားပြောမှ ကျတော်တို့ လိုရင်းကိုရောက်မှာ ဖြစ်ကြောင်း” ဟုပြောဆိုခဲ့သည်။

စီအဲန်ပီပြောဆိုချက်နှင့်ပါတ်သက်ပြီး ပြည်ပအခြေစိုက်ချင်းအမျိုးသားကောင်စီအထွေ ထွေအတွင်းရေးမှူး ပူးအိပ်ချ်စီရ ာလ်နှင်းက“ ဟုတ်ပါတယ်၊ ၂၀၁၀ရွေးကောက်ပွဲမှာ လူထုက မဲပေးမှာဆိုတော့ အဲဒီမဲက အလဟာသ မဖြစ်သင့် ဘူး၊ ကိုယ့်အမျိုးသား အခွင့်အရေးတခုအနေနဲ့ အသုံးချသင့်တယ်“ဟု ပြောသည်။

စီအဲန်ပီက ပြည်ထောင်စုရေးရာမှအပမိမိချင်းပြည်နယ်အတွင်းရေးကိစ္စများကိုမိမိတို့က ပိုမိုအုပ်ချုပ်ဆောင်ရွက် နိုင်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေး၊ ဘာသာရေး ကိစ္စများတွင် ဗဟိုချုပ်ကိုင်မှု လျော့ချနိုင်ရေးနှင့် ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပိုမိုရရှိရေး၊အနာ ဂတ်နိုင်ငံတော်ဦးဆောင်မှုအခန်းတွင်ချင်းလူငယ်များ နေရာ ပိုမိုရရှိရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အခြေခံသောလူ့အခွင့်အရေးများလူသားတိုင်း အပြည့်အဝရရှိနိုင်ရေးတို.ကို ၄င်းတို.၏ရည်မှန်းချက် ပန်းတိုင်အဖြစ်ထားရှိကြောင်း အဆိုပါပါတီစည်းရုံးရေးလက်စွဲတွင်ဖော်ပြထားသည်။

ထို.အပြင် တိုင်းရင်းသားအားလုံး နိုင်ငံရေးအရ တန်းတူ အခွင့်အရေး ရရှိရေးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လူဦးရေ၊ သယံဇာတနှင့် ပထဝီအနေအထားတခု ပေါ်မူတည်ပြီး ပြည်ထောင်စု ဘဏ္ဍာငွေကိုခွဲဝေခြင်းမပြုပဲ ပြည်နယ်၊တိုင်းဒေသ ကြီးတခု၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် အညီမျှမျှတတခွဲဝေရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ကျော်ပြီးငွေကြေး ကောက်ခံခြင်း၊ညှင်းပမ်းနှိပ်စက်ခြင်း၊ဖမ်းဆီးခြင်း၊ အလုပ်ခိုင်းစေခြင်းကင်းရှင်း ရေး တို.ကိုလည်းဖော်ပြထားသည်။

 

 

 

 

 

Most read this week