ချင်းပြည်နယ် ပလက်ဝ နှင့် မတူပီမြို့နယ် ဒေသတချို့တွင် ယခုရက်ပိုင်းအတွင် ကြွက်အုပ်များ ပြန်လည် ထလာပြီး ကျေးရွာ ၂၀ ရွာ ကျော်မှ ဒေသခံများ စိုက်ပျိူးထားသော တောင်ယာ စိုက်သီးနှံများကို ကိုက်စား ဖျက်ဆီး...
ချင်းပြည်နယ် ပလက်ဝ နှင့် မတူပီမြို့နယ် ဒေသတချို့တွင် ယခုရက်ပိုင်းအတွင် ကြွက်အုပ်များ ပြန်လည် ထလာပြီး ကျေးရွာ ၂၀ ရွာ ကျော်မှ ဒေသခံများ စိုက်ပျိူးထားသော တောင်ယာ စိုက်သီးနှံများကို ကိုက်စား ဖျက်ဆီး သွားသည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း ၂၀၀၆ ခုနှစ်ကုန်ပိုင်းမှ စ၍ ကြွက်ကျမှုကြောင့် ဖြစ်ပေါ်လာသည့် အငတ်ဘေး ဒါဏ်သည် ဒေသတနေရာမှ တနေရာသို့ ကူးစက်ပျံနှံလာရာမှ ယခုနှစ်မှ စပြီး အထက်ပါ ဒေသများတွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ဒီနှစ်မှ ကြွက်တွေက ထလာတာ၊ စပါးပင်တွေကို အကုန်ကိုက်စားပစ်တယ်၊ ရစရာကို မရှိဘူး” ဟု မတူပီမြို ့နယ်၊ ငပန်း (Nga Pang) ရွာသား ဦးလှုန်ထက်က ပြောသည်။
ယခု ကြွက်ကျမှုကြောင့် အငတ်ဘေးဒါဏ် ကြုံတွေ့နေရသည့် မတူပီမြို ့နယ်ကျေးရွာများမှာ အမ်ဆွေး၊ မားဒူ၊ ဝေလူး၊ထင်းခေါင်၊ တွီရှစ်၊ ပလာရို၊ ဆီး လှည့်၊ပန်တွီး၊ လိန်တွီး၊ ထိုတွီး၊ ငပန်၊ ရုန်း၊ ရောက်ထန်း၊ ဘဲလ်ခေါင်း၊ ခဲန်စား၊ ကွီးစား၊ ဘွေရှစ်နှင့် ပလက်ဝမြို ့နယ်မှအွေကြီး၊ ဒွီး၊ တွီစား၊ ဟုန်း၊ မှုန်းတနူး၊ ခိုင်းစားနူး၊ အိုက်စား၊ လောင်ဒန် ကျေးရွာတို့ ဖြစ်ကြသည်။
ယင်းဒေသသည် ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခေါင်ခိုက်ဆုံး ဒေသတွင် ပါ၀င််သည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များက လျစ်လှူရှုခြင်း ခံနေရသည့်အပြင် မည်သည့်အကူအညီမှ မရရှိနိုင်သေးကြောင်း သိရသည်။
ယင်းပြသာနာကြောင့် အဆိုပါ ဒေသမှ ပြည်သူများ ရာနှင့်ချီ မီဇိုရမ်ပြည်နယ် လောင်တလိုင် ခရိုင်တွင် နေ့စားအလုပ်ကို လုပ်ကိုင်ကာ ၄င်းတို ့စားဝတ်နေရေးကို ဖြေရှင်းနေကြကြောင်း သိရသည်။
“ကြွက်တွေ ပေါ်လာတဲ့အတွက် ဒီနှစ် စားစရာ ရှိမှာ မဟုတ်တော့လို့ တချို့ ကတော့ မီဇိုရမ်ကို အပြီးအပိုင် ပြောင်းရွေ့သွားကြဖို ့စီစဉ်သူတွေလည်း ရှိတယ်၊ ဒီနှစ်ကုန်လောက်ဆိုရင် ပြောင်းလာကြမှာဘဲ” ဟု အဆိုပါ ငပန်းရွာသားတဦးက ပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရောက် မတူပီဒေသခံတဦးက" ချင်းပြည်နယ်မြောက်ပိုင်းနဲ ့ပလက်ဝမြို ့နယ်မှာ ယခင်နှစ်က ၀ါးသုန်းမှု ဖြစ်ခဲ့တယ်၊ ၀ါးတွေ အသီးသီးပြီးတော့ ကြွက်တွေက ၀ါးသီးနဲ ့ တောင်ယာသီးနှံတွေ ဖျက်ဆီးတ ာတွေ ့တယ်၊ အဲဒီအချိန်မှာ ကျတော်တို ့ဘက်မှာတော့ ၀ါးတွေဘဲ ပွင့်တယ်။ တချို ့နေရာမှာဆို ၀ါးတောင် မပွင့် သေးဘူး။ အခုမှ စပွင့်တာ၊ အသီးတွေလည်း အခုမှ စသီးတယ်ဆိုတော့ ၀ါးသုန်းမှုက ခုမှ ကျနော်တို့ဘက်မှာ စတင်လာတယ် ဆိုတဲ့ သဘောဘဲ" ဟု ဆိုသည်။
၂၀၀၆ ခုနှစ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ စတင်လာသည့် ၀ါးသုန်းမှုကို ယခုအချိန်အထိ ချင်းပြည်နယ် တောင်ပိုင်းသို ့ စတင်ပြန် ့နှံ ့ဆဲဖြစ်ကြောင်း၊ ကြွက်များကတောင် ယာသီးနှံများ ဖျက်ဆီးသည့်အတွက် ဒုက္ခ ရောက်နေ ကြရဆဲ ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခင်နှစ်များတွင် ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများမှ ဖွဲ ့စည်းထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ ့အစည်း များက ၄င်းတို ့ တတ်နိုင်သည့် ဖက်မှ ချင်းပြည်နယ်အတွင်း ၀ါးသုန်းမှု ဖြစ်ပွားခဲ့သည့် နေရာ အသီးသီးသို ့ကူညီမှုများ ပေးခဲ့ကြသော်လည်း နအဖ စစ်အစိုးရကတော့ တစုံတရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခြင်း မရှိခဲ့ပေ။