ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကချင်ပြည်နယ်သို့ သွားရောက်မည်

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကချင်ပြည်နယ်သို့ သွားရောက်မည်

နေပြည်တော် အခြေစိုက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးသည် ယခုလ ၁၄ ရက်နေ့ တွင် ကချင်ပြည်နယ် အခြေစိုက် ရွေးကောက်ပွဲဝင်ပါတီများအား လာရောက် တွေ့ဆုံ....

နေပြည်တော် အခြေစိုက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးသည် ယခုလ ၁၄ ရက်နေ့ တွင် ကချင်ပြည်နယ် အခြေစိုက် ရွေးကောက်ပွဲဝင်ပါတီများအား လာရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ကချင်နိုင်ငံရေးပါတီများအား မည့်သည့်နေရာ နှင့် မည့်သည့်မြို့များတွင် မဲပုံးများ ထားရှိရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ကချင်နိုင်ငံရေးသမား တစ်ဦးပြောသည်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုး

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ သွားရောက်တွေ့ဆုံခဲ့ပြီးလည်း ဖြစ်သည်။

ယခုလ သွားရောက်မည့် ကချင်ပြည်နယ် ကို  နောက်ဆုံး ပြည်နယ်အဖြင့်သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုချိန် ကော်မရှင်သို့ နိုင်ငံရေးပါတီ မှတ်ပုံထားသော ကချင်ပါတီ စုစုပေါင်း ၄ ခု (ကချင်ပြည်နယ်တွင် ၃ ခု နှင့် ရှမ်းပြည်နယ်တွင် ၁ ခု) ရှိသည့်အနက် ၁ ပါတီ ကိုသာ တရားဝင်ပါတီအဖြစ် လက်ခံသေးသည်။

Most read this week