ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ
by -
ဆူးပန်း

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တွင် ရှိသည့် Vita Food  သစ်သီးဝလံစည်သွပ်ကုမ္ပဏီမှ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် တခြားစက်ရုံမှ အလုပ်သမား တော်တော်များများကို ဆေးစစ် ခဲ့ရာတွင် HIV ရောဂါပိုး၊ ဆစ်ဖလစ်ရောဂါပိုးများ စစ်ဆေးတွေ့ရှိ...

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တွင် ရှိသည့် Vita Food  သစ်သီးဝလံစည်သွပ်ကုမ္ပဏီမှ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် တခြားစက်ရုံမှ အလုပ်သမား တော်တော်များများကို ဆေးစစ်ခဲ့ရာတွင် HIV ရောဂါပိုး၊ ဆစ်ဖလစ်ရောဂါပိုးများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပတ္တနာရပ် (Pattanarak Foundation) အဖွဲ့ဝင်တစ်ဦးမှ ပြောပါသည်။

အလုပ်သမား(၃ဝဝ)လောက်ကို ဆေးစစ်ခဲ့ရာ၌ ရောဂါစစ်ဆေး တွေ့ရှိမှုနဲ့ပက်သက်ပြီး ပတ္တနာရပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဘွိုင်ဘွိုင်မှ ယခုလိုပြောပါသည်။

“ ကျွန်တော်တို့အဖွဲ့နဲ့ ဆရာဝန်နဲ့လက်တွဲပြီး စစ်လိုက်တယ်ပေါ့နော်။ ကန်ချနပူရီတစ်မြို့မှာပေါ့နော်။ အယောက် (၃ဝဝ)ယောက်လောက်စစ်လိုက်တယ်။ စစ်လိုက်တော့သုံးရာခိုင်နှုန်းလောက် HIVရောဂါပိုးတွေ့ တယ်ပေါ့နော်။ ကမ်ချနပူရီအလုပ်သမားတွေကတော့ စက်ရုံတစ်ရုံထဲမှာတော့မကဘူးပေါ့နော်။ အလုပ်သမားတွေ အဲဒီအထဲမှာအများကြီးပေါ့။  (၁၅ဝဝဝ)လောက် ရှိတယ်။ အများအားဖြင့် အလုပ်သမားကတော့ Vita Food  မှာလုပ်တာပေါ့နော်။ ဒါပေမဲ့တခြားစက်ရုံကလဲလာစစ်တာလဲရှိတယ်။ တခြား စက်ရုံဆိုတာကတော့ အထည် ချုပ်တဲ့ စက်ရုံပေါ့။”

အဆိုပါ ရောဂါသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ရောဂါစစ်ဆေးခဲ့ရာတွင် HIV ရောဂါပိုး အပါအဝင် ဆစ်ဖလစ်ရောဂါပိုးတွေကိုလဲအများအပြားတွေ့ရှိခဲ့ပါသေးသည်ဟုဆိုပါသည်။ ရောဂါပိုးတွေ့ရှိသူ အလုပ်သမားတွေ အပေါ် ဆေးဝါးကုမှုနဲ့ပက်သက်ပြီး စီစဉ်ထားပုံကို ပတ္တနာရပ်အဖွဲ့ဝင် ကိုဘွိုင်ဘွိုင်မှ အခုလို ရှင်းပြပါသည်။

“ကာလသားရောဂါသည်တွေကိုတော့ ကျွန်တော်တို့ပတ္တနာရပ်အဖွဲ့က ကူညီပေးတယ်။ ဆေးရုံ ပို့ပေးတယ်။ HIV ရောဂါပိုးတွေ့ရှိတဲ့လူတွေကိုတော့ဆရာဝန်နဲ့ဆက်သွယ်ပေးတယ်။ မက်တာရ ဆေးရုံမှာပေါ့။”

ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် လိင်ဘက်ဆိုင်ရာအပျော်အပါး လိုက်စားရာတွင် ကျန်းမာရေး အသိပညာ နဲပါးမှုကြောင့်၄င်း အမျိုးသမီးတချို့သည် လူကုန်ကူးပွဲစားများမှ ပြည့်တန်ဆာရုံ များတွင် ရောင်းစားခြင်းကို ခံရလို့သော်၄င်း   HIVရောဂါပိုးတွေကူးစက်ပြီး AIDSရောဂါတွေ ဖြစ်ပွါးမှု များပြားခဲ့ သည်ဟု ကျန်မာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောပါသည်။