နအဖနောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာ စိုင်းခမ်းလိတ် မပတ်သက်

နအဖနောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာ စိုင်းခမ်းလိတ် မပတ်သက်
by -
မွေခေါ၀်

နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်အား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း (သို့) ရွေးကောက်ပွဲကော်မရှင်၌ပါ၀င်ပြီး နိုင်ငံရေးလှုပ်ရှားရန် မန္တလေးကြံ့ဖွံ့ အကြီးအကဲများနှင့် နအဖအာဏာပိုင်များ အကြိမ်ကြိမ်ကမ်းလှမ်း.....

နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်အား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း (သို့) ရွေးကောက်ပွဲကော်မရှင်၌ပါ၀င်ပြီး နိုင်ငံရေးလှုပ်ရှားရန် မန္တလေးကြံ့ဖွံ့ အကြီးအကဲများနှင့် နအဖအာဏာပိုင်များ အကြိမ်ကြိမ်ကမ်းလှမ်းသော်လည်း လက်မခံကြောင်း စုံစမ်းသိရှိရသည်။

“အသက်အရွယ်ထောက်လာတဲ့အတွက် ခါးမကောင်းတာကြောင့် လက်မခံပါရစေနဲ့လို့ ဆရာ့ဇနီးဒေါက်တာ ဒေါ်နွဲ့နွဲ့တင်က တောင်းပန်ပြီးပြောလိုက်တယ်။ ခါးနာနေတော့ အမြဲတမ်းကုသနေရတယ်လေ” ဟု သျှမ်းပြည်မြောက် ပိုင်းသား တပည့်ဖြစ်သူတစ်ဦးက ပြောပြပါသည်။

ဒေါက်တာစိုင်းခမ်းလိတ်အား မန္တလေးကြံ့ဖွံ့ပါတီအကြီးအကဲများနှင့် ဒေသခံအာဏာပိုင်တို့က ကြံ့ဖွံ့ပါတီ အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်/ရွေးကောက်ပွဲကော်မရှင်တွင်ပါ၀င်ရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း လက်မခံနိုင်ကြောင်း လိမ္မာပါးနပ်စွာငြင်းဆို၏။

သို့သော်ဆိုင်ရာအာဏာပိုင်တို့က အကြိမ်ကြိမ်ဖုန်းဆက်လာနေသေးကြောင်း၊ ဇနီးဖြစ်သူဒေါက်တာဒေါ်နွဲ့နွဲ့တင်က လည်း “အသက်အရွယ်ထောက်လာပြီဖြစ်သဖြင့် ဘုရားတရားအလုပ်ကိုသာ လုပ်ခိုင်းစေလိုကြောင်း” ဖြေကြားခဲ့သည် ဟု ၎င်းကသျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ဒေါက်တာ စိုင်းခမ်းလိတ်

ဒေါက်တာစိုင်းခမ်းလိတ်သည် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသိကျွမ်းသူ ဖြစ်၏။

စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းက မန္တလေး ပြင်ဦးလွင်နှင့် မိုးကုတ်သို့ သျှမ်းလူမျိုးများနှင့်တွေ့ဆုံစည်းရုံးစဉ် ဒေါက်တာစိုင်းခမ်းလိတ်အား နိုင်ငံရေးပါတီဖြစ်လာမည့် ကြံ့ဖွံ့ဖက်မှနေ၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံရန် တောင်းဆိုထားသည်ဟုဆို၏။

ထို့အတူပင် မန္တလေးမြို့နေ လက်ရှိသျှမ်းသာရေးနာရေး ဒုဥက္ကဋ္ဌ (AD.1 ဟိုတယ်နှင့် ဂဠုန်နဂါး သင်္ကန်းတိုက် ပိုင်ရှင်) စိုင်းနွမ်၊ ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းပါတီကောင်စီခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်းနှင့် မိုးကုတ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ (သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ဇာတိ) စိုင်းနော် (လက်ရှိ ကျားဖြူပါတီဝင်) တို့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ချဉ်းကပ် ဖြောင်းဖြခြင်း ခံခဲ့ရသည်။

Most read this week