ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်းတွင် လိုင်စင်မဲ့ မောင်းနင်လျက်ရှိသော မော်တော်ဆိုင်ကယ်များအား နေပြည်တော်မှ ရဲများ ကိုယ်တိုင် လာရောက် စစ်ဆေး၍ ဖမ်းဆီးရမိသော ဆိုင်ကယ်များကို နေပြည်တော်မြို့သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။
လွိုင်ကော်မြို့မှ လိုင်စင်မဲ့ယဉ်များကို သိမ်းဆည်းရမိပြီး “နေပြည်တော်ကို သယ်ဆောင်သွားတဲ့ ဆယ်ကယ်အစီးပေါင်း ၃၀ ဆယ်လောက် ရှိတယ်။ ကျနော် ထင်တာ အဲ့ဒီထက်များတယ်” ဟု မျက်မြင်ယာဉ်မောင်းပိုင်ရှင် တဦးက ပြောသည်။
ဇူလိုင်လက စ၍ လွိုင်ကော်မြို့တွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများကို ၀င်ရောက်စစ်ဆေးခြင်း ဖြစ်သည်။
“ရပ်ကွက်ထဲထိတော့ သူတို့ မလိုက်ဘူး။ သူတို့ကနေ ပြည်တော်က လာတာဆိုတော့ အကုန်မလိုက်ရဲတဲ့ သဘောမှာ ရှိတယ်။ အချက်ပိုင်ဘဲ စောင့်ဖမ်းတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့ အခါပေါ့။ ရုပ်ရှင်ရုံမှာ ဆိုင်ကယ်တွေ ရပ်ထားတာ တွေ့ရင် တခါထဲ စောင့်ဖမ်းတော့တာဘဲ။ ကျနော်ထင်တာ ရပ်ကွက်ထဲထိ လိုက်စစ်ရင်တော့ လိုင်စင်မဲ့ ဆိုင်ကယ်တွေ အများကြီး ဖမ်းမိမှာဘဲ” ဟု လွိုင်ကော်ဒေသခံတဦးက ပြောသည်။
သိမ်းဆည်းရမိသော ကားများမှာ အမှုမပြီးသေးသည့်အတွက် ဆိုင်ကယ်များကိုသာ နေပြည်တော်သို့ သယ်ဆောင်သွားကြောင်း လွိုင်ကော် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
အများအားဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ နယ်စပ်လမ်းများမှ တင်သွင်းသော ယဉ်များ ဖြစ်သည်ဟု ကားမောင်းသမားတဦးက ပြောသည်။
၎င်းက “ထိုင်းက ၀င်လာတဲ့ ကားတွေက တော်တော်မြင့်တယ်။ အစိုးရကလဲ တာဝန်မယူဘူး။ နယ်စပ်လမ်းက ခိုးပြီးယူဆောင်လာကြတာ ဖြစ်တယ်။ (ကျပ်) သိန်းရှစ်ရာတန်တွေလေ။ အဲ့ဒီကားမျိုး ဒီမှာ မသုံးနိုင်ဘူး။ တစုံတရာ ဖြစ်ရင် အခုလိုပေါ့နော်။ လိုင်စဉ်မဲ့ ယဉ်တွေ စစ်ဆေးတဲ့ အခါဆို ကားပိုင်ရှင်တွေက အဖွဲ့အစည်းလား အစိုးရအရာရှိတွေဆီမှာ အပ်ထားကြတယ်။ အရာရှိအရာခံလက်ထဲမှာဆိုတော့ ကင်းလွတ်ခွင့် ရတာပေါ့” ဟု ပြောသည်။
လွိုင်ကော်တွင် ထိုင်းထုတ် ဟောင်ဒါ ဒရင်း ၁၂၅ အမျိုးအစား ဆိုင်ကယ်တစီး တန်ဖိုးမှာ ကျပ်သိန်း ၂၀ ရှိပြီး လိုက်စင် လုပ်မည် ဆိုပါက ကျပ်ရှစ်သိန်း ပေးရသည်။ တရုပ်ထုတ် ဆိုင်ကယ်များမှာမူ တစီးကို လိုင်စင်ပါ အပြီးအစီး ခုနှစ်သိန်းသာ ရှိသည်။
“သူတို ့ဖမ်းချင်တဲ့အချိန် ဖမ်းတာပဲ။ မဖမ်းချင်လဲ ဒီအတိုင်းပဲ မသိသလို နေတာပဲလေ။ လိုင်စင် မရှိတာက ကားတို ့ဆိုင်ကယ်တို ့မပြောနဲ ့ လူတောင်မှ အားလုံးလိုင်စင် ရှိတာ မဟုတ်ဘူး။ လူလိုင်စင်က မှတ်ပုံတင်ကို ပြောတာနော်” ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို) ခေါင်းဆောင် စမ်းရိုင်းက ပြောသည်။
လွိုင်ကော်တွင် ဇွန်လှိုင်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ လိုင်စင်မဲ့ယဉ်များ စစ်ဆေးဖမ်းဆီးခဲ့ရာမှ လိုင်စင်မဲ့ ဆိုင်ကယ်အစီပေါင်း ၃၀ ဆယ်ကျော် ဖမ်းဆီးရမိပြီး လိုင်စင်မဲ့ကား ရှစ်စီး ဖမ်းဆီးရမိသည်ဟု သိရသည်။