ကချင်အချင်းချင်း ရန်လိုသတ်ဖြတ်ကြဖို့ စစ်အစိုးရ အကြီးအကဲတစ်ဦးမှ သွေးထိုးခဲ့

ကချင်အချင်းချင်း ရန်လိုသတ်ဖြတ်ကြဖို့ စစ်အစိုးရ အကြီးအကဲတစ်ဦးမှ သွေးထိုးခဲ့
မြန်မာစစ်စိုးရ ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ယခုနှစ် အစောပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် သို့ အလည်အပတ်ရောက်ရှိစဉ် ကချင်အမျိူးသားများအကြား ရန်လို မုန်းတီး သတ်ဖြတ်ကြရန် သွေးထိုး...

မြန်မာစစ်စိုးရ ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ယခုနှစ် အစောပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် သို့ အလည်အပတ်ရောက်ရှိစဉ် ကချင်အမျိူးသားများအကြား ရန်လို မုန်းတီး သတ်ဖြတ်ကြရန် သွေးထိုး ခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် သည် ပြီးခဲ့သည့် ဧပြီလက ၎င်း၏ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ပြီး စစ်အစိုုးရ၏နိုင်ငံရေးပါတီဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ (USDP) ၏ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

သူက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပူတာအိုမြို့တွင် ပြုလုပ်သည့်အစည်းဝေးတွင် ဌာနေ ရဝမ် နှင့် လီဆူး အကြီးအကဲများကို လျို့ဝှက်စွာစုစည်းခေါ်ယူပြီး အဓိက မေးခွန်း နှစ်ခု မေးခဲ့သည်။

ပထမ မေးခွန်းကတော့ “မင်းတို ့ရဝမ်တွေကို ဂျိန်းဖေါ့ (KIO သို့ ရည်ညွှန်းခြင်း) တွေ ဘယ်လောက် သတ်ခဲ့ပြီလဲ” ဆိုသည့် မေးခွန်းကို ရဝမ် နှင့် လီဆူး အကြီးအကဲ များကို ပြန်ပြောခိုင်းကြောင်း အစည်းဝေးတက်ရောက်သူများမှ သိရသည်။

၎င်း မေးခွန်းကို ရဝမ် နှင့် လီဆူး နှစ်ဖက်မှ ခေါင်းဆာင်တစ်ဦးစီက တစ်ယောက်ပြီး တစ်ယောက် ဖြေကြားခဲ့ရသည်ဟု သိရသည်။

ရဝမ်ဖက်မှ ခေါင်လန်ဖူး အခြေစိုက် ရဝမ်သီးသန့် ပြည်သူ့စစ်အဖွဲ့  (ယခင် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့) ခေါင်းဆောင် နှင့် စီးပွါးရေးသမားလည်းဖြစ်သူ တန်ကူးတန် (ခ) အတန် မှ ဖြေကြားကြောင်း သိရသည်။

၎င်းနောက် ၀န်ကြီးချုပ် သိန်းစိန် မှ မေးသည့် ဒုတိယ မေးခွန်းကတော့ “မင်းတို့ ဂျိန်းဖေါ့ (KIO) တွေကို ပြန်သတ်မယ်မဟုတ်လား။ ဒါဆို် လက်နက်ထုတ်ပေးမယ်” ဆိုတာဖြစ်ကြောင်း အစည်းဝေးတက်ရောက်သူများမှတဆင့် သိရသည်။

ယင်း ၀န်ကြီးချုပ်၏ကန်းလှမ်းချက်ကို လီဆူးဖက်က ရှင်းရှင်းလင်းလင်း ဖြေကြားခြင်းမရှိသော်လည်း ရဝမ်ဖက်မှ လက်ခံခဲ့ကြောင်း သိရသည်။

ပြီးနောက် ၀န်ကြီးချုပ် သည် ရဝမ်လူမျိုးများ အဓိကနေထိုင်သည့် နောင်မွန်းမြို့သို့လည်းသွား ရောက်ပြီး ပူတာအိုမှာပြုလုပ်သည့်အတိုင်း ဒေသခံ ရဝမ်များအကြီးအကဲ များနှင့် တွေ့ဆုံပြီး ယခင်ကလို KIO အား ပြန်တိုက်ရန် မီးမွှေးပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံကို စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးနေဝင်း အုပ်ချူပ်စဉ်ကာလ ၎င်းအစိုးရ၏သွေးထိုးပေးမှုအရ ၁၉၇၀ နောက်ပိုင်း ရဝမ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အကြား အချင်းချင်းသတ်ဖြတ်မှု ပဋိပက္ခများ ဖြစ်ပွါးခဲ့ဖူးပါသည်။

၎င်း သမိုင်းကို ကိုင်စွဲပြီး အကယ်၍ စစ်အစိုးရ နှင့် KIO ကြား ပြည်တွင်းစစ်ပြန်ဖြစ်လာရင် ကချင်အမျိုးသားများကြား အချင်းချင်း ရန်လိုသတ်ဖြတ်ကြစေရန် အခုလို စစ်အစိုးရအကြီးအကဲမှ အသစ်တဖန် သွေးထိုး မီးမွှေးပေးခြင်းဖြစ်သည်။

အခြားတဖက်တွင်လည်း KIO က မြန်မာစစ်အစိုးရလိုလားသည့် ၎င်း၏စစ်တပ်လက်အောက်ခံတွင် ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့ ကို လက်မခံသည့်အတွက် ဖိအားပေးမှု တစ်ရပ် ဖြစ်သည်။

တဆက်ထဲမှာပဲ KIO ပေါ် ဖိအားပေးခြင်းဖြင့် ၎င်းအဖွဲ့မှ အရာရှိဟောင်းများ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ၏ ရွေးကောက်ပွဲဝင်နိုင်ရေး နေပြည်တော် ရွေးကောက်ပွဲကော်မရှင် သို့ လျှောက်ထားချက်ကိုလည်း ယခုချိန်ထိ အသိအမှတ် မပြုပေးသေးပါ။

Most read this week