ဗန်းမော် စကခ ရန်ပုံငွေအတွက် ဖွင့်လှစ်ခဲ့သည့် ရွှေလုပ်ကွက်ကို မပခ တားမြစ်

ဗန်းမော် စကခ ရန်ပုံငွေအတွက် ဖွင့်လှစ်ခဲ့သည့် ရွှေလုပ်ကွက်ကို မပခ တားမြစ်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက် ဧရာဝတီမြစ်အတွင်း ရွှေရှာသည့် လုပ်ငန်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လာရောက် ဖမ်းဆီး ပိတ်ပင်...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက် ဧရာဝတီမြစ်အတွင်း ရွှေရှာသည့် လုပ်ငန်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လာရောက် ဖမ်းဆီး ပိတ်ပင် လိုက်သည်။

မကြာသေးမီ ရက်ပိုင်းက လာရောက်ဖမ်းဆီးကာ ပိတ်လိုက်သည်ဟု ဗန်းမော် ဒေသခံတဦးက ပြောသည်။

“ရွှေဖောင်တွေ (၂ဝ) လောက် ရှိမယ်။ ကျွန်းကြီးကျေးရွာတွေတဝိုက် ဧရာဝတီမြစ်ထဲမှာ ရွှေလုပ်နေတာတွေကို မပခက ဗျူဟာမှူး ရောက်လာပြီး လူတွေကို ဖမ်း၊ ပစ္စည်းတွေ သိမ်းပြီး ဒဏ်ရိုက်တယ်။ စကခ ရန်ပုံငွေ လုပ်တဲ့ဟာကို ဒီက ဗျူဟာကို မဖမ်းခိုင်းဘဲ မပခက လာဖမ်းတာ။”

ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ တပ်ရန်ပုံငွေ အကြောင်းပြချက်ဖြင့် ဧပြီလကုန်ပိုင်းမှ စ၍ ဧရာဝတီမြစ်အတွင်းသို့ တာပိန်မြစ်နှင့် မုန်းလွဲချောင်း စီးဝင်ရာနေရာ တလျှောက်တွင် ရွှေလုပ်ငန်းများထံက ငွေကြေး ကောက်ကာ ရွှေရှာခွင့် ပေးနေသည်။

စကခ ရန်ပုံငွေဟု ဆိုကာ ရွှေတူးစက်ကိရိယာ တပ်ဆင်သည့် ရွှေဖောင် တခုလျင် ကျပ် (၁ဝ) သိန်းအား လုပ်ငန်း စဝင်ချိန်၌ အခွန်ဆောင်ရပြီး လုပ်ငန်းသိမ်းချိန်တွင် ထွက်ရှိသည့် ရွှေ၏ သုံးပုံတပုံ ထပ်မံပေးဆောင်ရန် သဘောတူညီချက်ဖြင့် ရွှေလုပ်ငန်းရှင်များက ဧရာဝတီမြစ်အတွင်း ရွှေရှာနေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ် အတွင်းကလည်း အဆိုပါ နေရာတွင် ရွှေများ ရှာဖွေခဲ့သဖြင့် ဧရာဝတီမြစ် ရေစီးကြောင်း ပြောင်းကာ အနီးနားရှိ ကျွန်းပေါ်မှ ကျေးရွာများ ရေကြီးမှု ဖြစ်ပြီး ရေတိုက်စား ခံရသည့်အတွက် ဒေသခံလူထုက သက်ဆိုင်ရာသို့ စာရေးတိုင်ကြားခဲ့သဖြင့် ရွှေတူးလုပ်ငန်းများ ရပ်နားထားခဲ့ရသေးသည်။

http://www.nmg-news.com/nmg/news280610.html

Most read this week