လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်

လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်
စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိ...

စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၄ ရက်နေ့ ညဉ့် ၁၁ နာရီခန့်တွင် စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လျှပ်တပြက် လေဆင်နှာမောင်း ၀င်ရောက် မွှေနှောက်သွားခဲ့သည်။

ကျေးရွာသား တဦးက " လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါ၀င်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က ပျောက်ဆုံးနေပါတယ်။" ဟု ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် မိသားစု ၁၇ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ယခုအခါ မောင်လူပျိုကြီး ဆိုသူကို အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသည်။

" သက်ဆိုင်ရာ လာကြည့်ရုံကလွဲပီး အကူအညီတွေတော့ မပေးသေးပါဘူး။ ရွာသားတွေက ကိုယ့်အား ကိုယ်ကိုးပီး အိမ်တွေ၊ ကျောင်းတွေကို ပြန်ပြင်နေရပါတယ်။ မိသားစု အတော်များများကတော့ ဆင်းရဲအတွက် အိမ်တွေကို ပြန်မပြင်နိုင်သေးပါဘူး။" ဟု သူက ပြောသည်။

သို့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီပေးခြင်း မရှိသေးသဖြင့် ကျေးရွာသားများက အကူအညီ ရရေးကို မျှော်လင့်နေကြသည်ဟု သိရသည်။

Most read this week