မြေပြို၍ လူ ၄၆ ဦး သေဆုံး

မြေပြို၍ လူ ၄၆ ဦး သေဆုံး
by -
ငြိမ်းချမ်း၊ ဆုမြ
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီးကာ လူ ၄၆ ဦးသေဆုံးပြီး  ၄ ဦး ဒဏ်ရာရသွားကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ သတင်းထုတ်လွှင့်...

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီးကာ လူ ၄၆ ဦးသေဆုံးပြီး  ၄ ဦး ဒဏ်ရာရသွားကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ သတင်းထုတ်လွှင့် သွားသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ” မြေပြို၍ မောင်တောမြို့နယ်တွင် ၂၈ ယောက်သေဆုံးပြီး ဘူးသီးတောင်မြို့နယ်တွင် ၁၈ ယောက်သေဆုံးပြီး လေးဦးဒဏ်ရာ ရသွား ခဲ့သည်” ဟု ပါရှိသည်။

ဇွန်လ ၁၄ ရက်နေ့ညဘက်မှစတင်ကာ အဆက်မပြတ်ရွာသွန်းသော မိုးသည် တနေ့လျှင် မိုးရေချိန်လက်မ ၃၄ စင်တီမီတာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် ရပ်ကွက် ရ ခုရှိသည့်အနက် ရပ်ကွက် ၅ မှ လူနေအိမ်တချို့သာ ရေလွတ်ခဲ့ပြီး ကျန် ရပ်ကွက်များမှ ရေလွမ်းမိုးမှုခံလိုက်ရကြောင်းနှင့် ခုလောလောဆယ် ရေဘေးဒုက္ခသည် ၂ဝဝ ကျော်လောက်ကို အထက ၁ ကျောင်းတွင်း ထားရှိသည်ဟု  ဘူးသီးတောင်မြို့မှ ကျောင်းဆရာမ တဦးက ပြောသည်။

မောင်တောမြို့တွင် ယမန်နေ့ည ၉ နာရီခန့်တွင် ရေကျစပြုပြီး ဘူးသီးတောင်မြို့တွင်တော့ ယခုထိ ရေမကျသေးကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေပြီး ဒေသခံများက ပြောသည်။

ရန်ကုန်မှပေးပို့သော ရိုက်တာသတင်းတရပ်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့များတွင်လည်း ရေကြီးမှှုဖြစ်ပြီး တံတားသုံးစင်း ရေမျောပျက်စီးသွားသည်ဟု ပါရှိသည်။

ရေကြီးမှုကြောင့် ယမန်နေ့ကစပြီး စစ်တွေ-ဘူးသီးတောင်ပြေဆွဲနေသော သင်္ဘောများ ရပ်နားထားရသည်။

http://mizzimaburmese.com/news/inside-burma/5528-2010-06-16-16-44-03.html