(ဟားခါး) ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို.ပေါ်ရှိရပ်ကွက်ငယ်တချိူ.တွင်နေထိုင်ကြ သည့်ပြည်သူလူထုများအတွက် တံတားဆောက်လုပ်ပေးခြင်း၊ ရေမြောင်းဖောက်လုပ်ပေးခြင်း များကို နအဖစစ်အစိုးရက ယခုတလောပိုမိုလုပ်ဆောင်ပေးလာနေကြောင်းသိရသည်။
စည်ပင်သာယာရေးအဖွဲ.၏ဦးဆောင်မှုဖြင့် ဇွန်လ ၃ ရက်နေ.က ဟားခါးမြို. နာဇရတ်ရပ်ကွက် ငယ်တခုတွင် အလျား ပေ(၂၀)၊ အနံ (၆)ပေရှိသည့် တံတား ကို ပြုလုပ်ပေးခဲ့ပြီး ယင်းအတွက် နိုင်ငံတော်အစိုးရက ကျပ်ငွေ သိန်း(၂၀)ကုန်ကျခဲ့ကြောင်း မြို.နယ်စည်ပင် အဖွဲ.အစီရင်ခံချက် အရသိရှိရကြောင်း ဟားခါးမြို.ပေါ်နာဇရတ်ရက်ကွက်လူကြီးတဦးကပြောသည်။
ထို.အပြင် အခြားရပ်ကွက်များဖြစ်သည့် ကယ်စစ် ၊ ချင်းဦးစီး၊ ပြည်တော်သာ ရပ်ကွက်နှင့် ကျောပုတ်ရပ်ကွက်များတွင် လည်း လမ်းဘေး ကျောက်စီပေးခြင်းနှင့် ရေမြောင်း များကို အုတ်စီ ကွန်ကရစ်လောင်းပေးခြင်းများ ပြုလုပ်ပေးနေသည်ဟုသိရသည်။
အထက်ပါရပ်ကွက်လူကြီးများအနေဖြင့် ယခုကဲ့သို. စည်ပင်သာယာရေးအဖွဲ.မှ လာရောက်ပြု လုပ်ပေးသည့်အတွက် ၀မ်းသာအားရ ကြသော်လည်း ရွေးကောက်ပွဲအတွက်အစိုးရက မဲဆွယ် စည်းရုံးခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုနေကြသည်။
နာဇရတ်ရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးကတော့ ယခုလိုလာလုပ်ပေးခြင်းသည် သူတို.ရပ် ကွက်အတွက် အလွန်အထောက်အကူဖြစ်ကြောင်း၊ သို.သော်လည်း နောက်တချိန်တွင် အရှုပ်အယှက်တွေဖြစ်လာမှာ လဲစိုးရိမ်မိတယ်လို. ခိုနူမ်းထုန်ကိုပြောဆိုခဲ့သည်။
“ကျနော်တို့အနေနှင့်တော့ ဘာမှ မဲပေးဖို့ အာမခံထားတာမရှိဘူး။ ဒီလို လာလုပ်ပေးတာ ကလည်း ကျနော်တို့ ရပ်ကွက်အတွက်တော့ ကောင်းပါတယ်။ဒါပေမယ့် နောက်မှာ အရှုပ် အယှက်တွေဖြစ်လာမှာ လဲစိုးရိမ်မိတယ်” ဟုသူကပြောသည်။
ဟားခါးမြို.ပေါ်ချင်းဦးစီရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးကလည်း “ ကျနော်တို့ ရပ်ကွက် ကောင်းစား တာဖြစ်နေပေမယ့် ဒီနအဖ တွေကိုတော့ ကောင်းကောင်းယုံလို့မဖြစ်ပါ ဘူးဗျာ။ ကျနော်တို့ကို အနူနည်းနှင့် ခိုင်းစားနေတာဖြစ်နိုင်တယ်”ဟုဝေဖန်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လအတွင်းကလည်း ချင်းပြည်နယ်ဗျူဟာမှူးဗိုလ်မှူးချူပ်ငုန်းဟိုင်က ခရစ်ယာန် အသင်းတော်သုံးခုတွင် အလှူငွေများထည့်ဝင်ခဲ့ သည်။ ထိုကိစ္စနဲ.ပတ်သက်ပြီးတော့လည်း မြို.နေလူထုအများစုက ဗုဒ္ဓဘာသာဝင် ဗျူဟာမှူးမှ ခရစ်ယာန်အသင်းတော်များထံအလှူငွေ ထည့်ဝင်ခြင်းသည်နိုင်ငံရေးမဲဆွယ်စည်းရုံးခြင်းသာဖြစ်နိုင်ကြောင်းဝေဖန်ပြောဆိုနေခဲ့ကြသည်။
နအဖစစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ရန် အတွက် ၄င်း၏လက်ကိုင်တုတ်သဖွယ် အသုံးပြုနေခဲ့သော ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ.ဖြိုး ရေးအသင်း (ကြံ.ဖွံ.)ကို လက်ရှိမြန်မာစစ်အစိုးရဝန်ကြီးချူပ်ဦးသိန်းစိန်ဦးဆောင်စေပြီး နိုင်ငံရေး ပါတီအဖြစ်ပြောင်းလဲခဲ့သည်။