မောင်တောမြို့မှ ပြည့်တန်ဆာတန်းကို ပြည်သူများက “နေပြည်တော် လမ်းဆုံ” အမည်ပေး

မောင်တောမြို့မှ ပြည့်တန်ဆာတန်းကို ပြည်သူများက “နေပြည်တော် လမ်းဆုံ” အမည်ပေး
ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက “ နေပြည်တော် လမ်းဆုံ” ဟု အမည်ပေးထားကြောင်း ဒေသခံ ပြည်သူ တဦးက ပြော....

ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက “ နေပြည်တော် လမ်းဆုံ” ဟု အမည်ပေးထားကြောင်း ဒေသခံ ပြည်သူ တဦးက ပြောသည်။

“ဘယ်သူက စပေးလိုက်သလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းဆုံကို လူတိုင်းက နေပြည်တော် လမ်းဆုံ ဆိုပြီး ခေါ်နေကြပါတယ်။ အဲဒီလမ်းဆုံမှာ ဘီယာဆိုင်၊ အရက်ဆိုင်၊ ဗွီဒီယိုရုံတွေနဲ့ ဖါခန်းတွေပါ ရှိနေပီး ညနေပိုင်းကျရင် အထူးစည်ကားပါတယ်။ လူတွေက အဲဒီနေရာကို နေပြည်တော် လမ်းဆုံဆိုပီး ခေါ်ကြ ပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ မကောင်းမူ ဒုစရိုက် လုပ်ကိုင်နေသော ပြည့်တံဆာတန်း တခုကို မြန်မာ နိုင်ငံ၏ အစိုးရ ရုံးစိုက်ရာ မြို့တော် တခုဖြစ်သော “ နေပြည်တော်” နာမည်အား လူထုများက ပေးထားခြင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ပါ၀င်ပတ်သက်မူ ရှိနေပြီး တချို့ ရဲအရာရှိများမှာ အဆိုပါ လုပ်ငန်းမှ လာဒ်ငွေများ ယူနေကြသည့် အပေါ် မကျေနပ်ရာမှ ဒေသခံများက နေပြည်တော် လမ်းဆုံဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ပြည်သူများ အမည်ပေးထားသော နေပြည်တော် လမ်းဆုံမှာ မောင်တောမြို့ ညောင်ချောင်း ကျေးရွာ လမ်းဆုံ ဖြစ်ပြီး ရွှေရင်အေး နတလ စံပြကျေးရွာနှင့် ကပ်ရပ် ဖြစ်သည်။

“အဲဒီနေရာမှာ မကောင်းမူလုပ်ငန်းတွေက စည်းမဲ့ ကမ်းမဲ့ ဖြစ်နေပါတယ်။ အတားအဆီး မရှိ ဖြစ်နေပါတယ်။ ညဆိုရင် ကာရာအိုကေတွေနဲ့ ပိုပီး အခြေအနေ ဆိုးပါတယ်။ သက်ဆိုင်ရာ ခယကနဲ့ မယက တာဝန်ရှှိသူတွေကလည်း ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိပါဘူး။ အားတော့နာပါတယ်။ ကြိုက်တဲ့ အချိန်မှာ ပြည့်တန်ဆာမတွေနဲ့ ခေါ်အိပ်လို့ ရပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက ပြည်သူတွေအတွက် အထူး ထိခိုက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

တခြားမြို့ခံ တဦးကလည်း နေပြည်တော် လမ်းဆုံ ဆိုရင် လူတိုင်း သိကြောင်းနှင့် နေ့စဉ် စစ်တွေမှ တဆင့် မကောင်းမူလုပ်ငန်းများ လုပ်ကိုင်သူ အမျိုးသမီးများ သင်္ဘောဖြင့် ရောက်ရှိနေကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“မိန်းခလေးတွေက အသက် ၁၄ နှစ် အရွယ်၊ ၁၅ နှစ် အရွယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဆင်းရဲ ကျပ်တည်းတဲ့ အတွက် ရခိုင်ပြည်နယ် အနှံ့ကလာပြီး လာရောက် လုပ်ကိုင် ကြတာပါ။ ခေါင်းတွေက သူတို့ကို ရခိုင်ပြည်အနှံ့ နေရာတွေက လိုက်ရှာပီး သင်္ဘောနဲ့ စစ်တွေက ဘူးသီးတောင်ကို ယူလာပါတယ်။ ဘူးသီးတောင်က တဆင့် မောင်တောကို ပို့ပီး ခုလို လုပ်ကိုင် စားသောက်နေကြတာ ဖြစ်ပါတယ်။ တနေ့ကလည်း ကောင်မလေး ၄ ဦး သင်္ဘောနဲ့ အသစ် ရောက်လာတယ်ဆိုပီး ကြားရပါတယ်” ဟု ပြောသည်။

ယခုအခါ ကမ္ဘာ့ဖလားပွဲ အတွက် ဘော်လုံး လောင်းမည့် လောင်းကစားဒိုင် အများအပြားကို ရဲတပ်ဖွဲ့က မောင်တောတွင် ဖွင့်လှစ်ခွင့် ပြုထားရာ ဘော်လုံးလောင်းသူများ ပျော်ပါးရန်အတွက် ဘော်လုံး ဒိုင်များ၊ ကရာအိုကေ ဆိုင်များနှင့် ဖါခန်းများမှ ပြည့်တံဆာ အသစ်များကို အနယ်နယ် အရပ်ရပ်မှ ခေါ်ယူ စုဆောင်းထားကြောင်း သတင်း ရရှိသည်။

Most read this week