ကရင်နီပြည်နယ်မြို့နယ် အသီးသီးတွင် ပညာရေးဝန်ထမ်းများ မသန်မစွမ်းကလေးများကို ကျောင်းအပ်နှံရေး အခမ်းအနားပွဲ၌ ပညာသင်စရိတ်လှူဒါန်းသည်ဟု သိရသည်။
“မေလ ၂၅ ရက်နေ့ကနေ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး အခမ်းအနားတွေ လုပ်တယ်။ အဲဒီမှာ ကျောင်းနေတဲ့ မသန်မစွမ်းကလေးငယ်တွေကို တစ်ယောက်ကို ကျပ်ငွေ တစ်သောင်းနဲ့ စာရေးကိရိယာတွေ လှူတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းနေအရွယ် မသန်မစွမ်းကလေးငယ်များကို လှူဒါန်းရာတွင် ကျောင်းတစ်ကျောင်းလျှင် ပညာရေးဝန်ထမ်းများ ကျပ်ငွေငါးထောင်ကျပ် ကောက်ခံသည်ဟု ၀န်ထမ်းတစ်ဦးက ပြောသည်။
ထိုသို့ လှူဒါန်းရာတွင် လက်ခံရရှိသော ကလေးငယ်များ ပျှမ်းမျှတစ်မြို့နယ်လျှင် (၂၀) ဦးခန့်ရှိပြီး ကောက်ခံရရှိသော အလှူငွေများကို ကျောင်းအပ်နှံရေး အခမ်းအနားပွဲ ကျင်းပစရိတ်နှင့် ကြွရောက်လာသော လူကြီးမင်းများ ကြိုပို့ဧည့်ခံကြွေးမွေးစာရိတ်တွင် ထည့်သုံးရသည်ဟုဆိုသည်။
ကရင်နီပြည်နယ်တွင် အခြေခံပညာအဆင့် အထက်တန်းကျောင်း (၁၄)ကျောင်း၊ လယ်တန်းကျောင်း (၂၇ )နှင့် မူလတန်းကျောင်း (၃၄၁) ကျောင်းရှိပါသည်။