မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့

မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအတွက် မေခနှင့်မလိခ မြစ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား ယနေ့တွင် မြစ် ကြီးနားမြို့နယ်အာဏာပိုင်များက စတင်ပြောင်းရွေ့ခိုင်းခဲ့...

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအတွက် မေခနှင့်မလိခ မြစ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား ယနေ့တွင် မြစ် ကြီးနားမြို့နယ်အာဏာပိုင်များက စတင်ပြောင်းရွေ့ခိုင်းခဲ့သည်။

မြစ်ကြီးမြို့နယ် မယကမှ ဦးဆောင်ပြီး စစ်တပ်၊ ရဲတို့ လိုက်ပါလုံခြံုရေးယူပေးကာ မြို့နယ်အတွင်းရှိ ကြံ့ဖွံ့နှင့်ရပ် ကွက်လုပ်အားပေးအဖွဲ့များက တန်ဖဲကျေးရွာတဖက်ကမ်း မဇွပ်ကျေးရွာအား ပြောင်းရွေ့ခဲ့သည်ဟု တန်ဖဲကျေး ရွာသားက ယခုလိုပြောသည်။

“မယကဥက္ကဌ၊ ဗျူဟာမှူးနဲ့ လုပ်အားပေးအဖွဲ့အချို့ စစ်တပ်နဲ့ရဲက  မနေ့ကတည်းက ရောက်ပြီး ည အိပ်တယ်၊ ဒီိနေ့မှာ ကြံ့ဖွံ့နဲ့လုပ်အားပေး အဖွဲ့တွေ ရောက်ပြီးမဇွပ်ကျေးရွာပေါ၊့ ဗမာလို မြစ်ဆုံလို့ခေါ် တယ်၊ မေခနဲ့ မလိခဆုံတဲ့ထိပ်ကရွာ။ အိမ်ခြေ(၆၃)လုံးရှိတယ်၊ အဲဒီကနေ သူတို့ တွေကို ခေါ်လာတော့ တချို့ကလေးတွေရော၊ လူကြီးတွေရော ငိုနေကြတယ်။ အားလုံးမျက်နှာမကောင်းကြဘူး။”

အဆိုပါ ပြောင်းရွေ့လာသူများအား တန်ဖဲကျေးရွာအောက်ဘက် (၈)မိုင်ခန့်အကွာ၊ မြစ်ကြီးနားအထက် မိုင်(၂ဝ)ကျော်အကွာရှိ လုံဂါဇွပ် ကျေးရွာ အနီးတွင် အေးရှားဝေါ ကုမ္ပဏီကတည်ဆောက်ထားသည့် အိမ်ယာစီမံကိန်း မြေ နေရာတွင် နေရာချထားပေးသည်။

ယခုကျေးရွာအားပြောင်းရွေ့နိုင်ရန်အတွက် မြစ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၅၈)ရပ် ကွက်မှ တရပ်ကွက်လျင် လုပ်အားပေးလိုက်ရန် လူ(၁ဝ) ဦးစီ ဆင့်ခေါ်ခဲ့သည်။

မြစ်ဆုံဒေသရှိ မဇွပ်ကျေးရွာသည် မြေသြဇာကောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုကြပြီး ယခုပြောင်းရွေ့သည့် နေရာသည် စိုက်ပျိုုးမြေ မရှိသည့်အတွက် ဒေသခံများမှာ မပြောင်းရွေ့ ချင်သော် လည်း အာဏာပိုင်များ၏ အမိန့်ကို မလွန်ဆန်ရဲဘဲ ပြောင်းရွေ့ ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“အဲဒီရွာက စစ်တပ်ရဲ့ အုပ်ချုပ် ဖိနှပ်၊ ခြိမး်ခြောက်မှုအောက်မှာ နေလာတာကြာပြီဆိုတော့ ဘာမှ လည်း ပြန်မလုပ်ရဲကြဘူး။ အခုပြောင်းရွေ့တာ ဘာပြဿနာမှမရှိခဲ့ဘူး။”

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာသား(၁၅ဝဝဝ)ကျော် နေရာပြောင်းရွေ့့ရနိုင်ပြီး ကချင်တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြစ်ဆုံဒေသ ပျောက်ကွယ် မည့်အပြင် တံငါလုပ်ငန်း၊ သယ်ယူပို့ ဆောင် ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ဖြစ်၍ ဒေသခံများ အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့နှင့် ကချင်အင်န်ဂျီအိုအဖွဲ့များက မြစ်ဆုံရေကာ တာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ယမန်နေ့ နေ့စွဲဖြင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ရေကာတာရေအားလျပ်စစ် စီမံကိန်းတွင် ရင်းနှီးမြုပ် နှံထားသည့် တရုတ် လျပ်စစ် စွမ်းအားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) အားရည်ညွှန်း၍ စီမံကိန်းရပ်ဆိုင်း ပေး ရန် တရုတ်သမ္မတ ဟူကျင်းတောင်းထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

Most read this week