ဒါဆိုယငြ်ဖင့် - ဒီလိုနှစ်လိုဖွယ်ရာ ကောင်းလှတဲ့ သဘာဝတရားတွေကို ကျမတို ့လူသားတွေအနေနဲ ့ ဘယ်လို တန်ဘိုးထား ထိန်းသိမ်း သွားကြ မလဲ? ဆိုတဲ့မေးခွန်းက အဓိကကျနေသလို ဖြစ်နေပြန်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပြုစုထိန်းသိမ်းမှု အားနည်းတာကြောင့် ရာသီဥတု ပြောင်းလဲမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေကို သဘာဝဘေးဒဏ်ဖြစ်လို ့မလွန်ဆန်နိုင်တဲ့ အရာတွေပါလို ့သဘာဝတရားကို အပြစ် တင်နေယင်လည်း မဖြစ်သေးပါ။ သဘာဝတရားကို ဖျက်ဆီးတဲ့အထဲမှာ လူသားတွေလည်းပါတယ်ဆိုတာ ၀န်ခံရမှာပါပဲ။
လက်ရှိမှာ ဒုက္ခသည် ဆယ့်တစ်သန်းကျော်ရှိတဲ့ အထဲက စစ်ဘေးဒုက္ခသည်ထက် သဘာဝပတ်ဝန်းကျင် ဒုက္ခသည်ဦးရေက ပိုများနေပြီး ဒီနှစ်ကုန်မှာ သန်းပေါင်း ငါးဆယ်အထိ တိုးလာမယ်လို ့ သိပ္ပံပညာရှင်တွေ ခန် ့မှန်းထားပါတယ်။ သဘာဝပါတ်ဝန်းကျင် ဒုက္ခသည်ဆိုတာက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်စေတဲ့ မိုးခေါင်ရေရှား၊ ရေလွှမ်းမိုးမှု၊ ကျန်းမာရေးနဲ ့အသက်မွေးဝမ်းကြောင်းတွေမှာ နှောက်ယှက်နစ်နာခြင်း ဒဏ်ကို ရင်ဆိုင်ရတဲ့ သူတွေပဲဖြစ်ပါတယ်။
တခါတလေ သဘာဝပါတ်ဝန်းကျင်လို ့ပြောလိုက်ယင် ကိုယ် ့နဲ ့မဆိုင်သလို ကျမတို ့ရဲ ့ ဘဝအသက်ရှင်ရေးနဲ ့ အလှမ်းဝေးနေသလို ခံစားကောင်း ခံစားရလိမ့်မယ်။ ကျမတို ့ နေ ့စဉ်အသက်ရှင် သွားလာနိုင်ဘို ့အတွက် မရှိမ ဖြစ်လိုအပ်တဲ့ လေ၊ ရေတွေဟာ သဘာဝပါတ်ဝန်းကျင်ရဲ ့ အပိုင်းအစ တွေ မဟုတ်ပေဘူးလား? ဒီ့အပြင် အခြားမဖေါ်ပြနိုင်လောက်အောင် ကျန်နေသေးတဲ့ အစိတ်အပိုင်းများစွာလည်း လူသားအပါအဝင် သက်ရှိ သတ္တဝါတွေအားလုံးအတွက် အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာ လေ့လာကြည့်ယင် သိနိုင်ပါတယ်။
ကံကောင်းမစမှုကြောင့် ကျမတို ့လက်ရှိဘဝမှာ ထိခိုက်နစ်နာမှု မရင်ဆိုင်ရပေမဲ့ ဒီကမ္ဘာမြေကို ဆက်လက် အမွှေခံသွားမဲ့သူများအတွက် ၀န်လေး စရာ ဖြစ်နေတာကို သတိထားမိဖို ့လိုပါတယ်။ ဒါကြောင့် အသက်ရှင် ကျန်ရစ်နေမဲ့ ကျမတို ့ရဲ ့ ရင်သွေးလေးများအတွက်သာမက ဘဝတူ ကမ္ဘာသူ၊သားအားလုံးကို ဒီလို တန်ဖိုး ရှိလှတဲ့ စိမ်းလန်းတဲ့ကမ္ဘာမြေကို အမွေတခုအဖြစ် ချန်ထားပေးဘို ့အချိန် မနှောင်းသေးဘူးလို ့့ ယူဆရပါတယ်။ လွယ်ကူပေမဲ့ ထိရောက်မှုရှိနိုင်တဲ့ သမန်ရိုးကျ နည်းလမ်း သုံးမျိုးနဲ ့ ကျမတို ့ရဲ ့ကျေးဇူးရှင် ကမ္ဘာမြေကြီးကို တိုးတက်ပြောင်းလဲ စေနိုင်ပါတယ် -
၁။ အပင်ခုတ်ခြင်းထက် အပင်စိုက်ခြင်းကို စဉ်းစားပါ
၂။ ရေကို အလာဟသမဖြစ်ပဲ လိုသလောက် စနစ်တကျ သုံးစွဲပါ။
၃။ ပြန်လည်အသုံးပြုလို ့ရတဲ့ ပစ္စည်းတွေကို ပြန်လည်ပြုပြင်ပြီး သုံးပါ (ဥပမာ - ပလပ်စတစ်ပစ္စည်းများ၊ စက္ကူများ..)
မတိုးတက်တဲ့ နိုင်ငံ၊ မဖွံ ့ဖြိုးသေးတဲ့ တောတောင်ဒေသတွေမှာ နေထိုင်ကျက်စားနေလို ့ လေထုညှစ်ညှမ်းမှု တွေ သဘာဝဘေးဒဏ်တွေ စိုးရိမ် စရာလို လို ့ပြောလို ့မရပါဘူး။ နေ ့စဉ် ဖြစ်ပေါ်နေတဲ့ ကမ္ဘာပူနွေးမှုဘေးဒဏ်ဟာ ဒေသအလိုက် ကွဲပြားပြီး အကျိုးသက်ရောက်မှုရှိနေပါတယ်။
“ ဆင်းရဲနွမ်းပါးပြီး ဖွံ ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ ဒေသတွေက ရာသီဥတုပြောင်းလဲတဲ့ ဘေးဒဏ်တွေကို ကာကွယ် တိုက်ဖျက်တဲ့နေရာမှာ အားနည်းနေတဲ့ အတွက်ကြောင့် အကျိုးသက်ရောက်မှုကို ပိုပြီး ခံနေကြရတာတွေ ့ရပါတယ်” လို ့ သဘာဝပါတ်ဝန်းကျင်သုသေတရဲ ့ UW-Madison’s Gaylord Nelson Institute က နာမည်ကြီး စာရေးဆရာ ဂျောနသန် ဖက်(ဇ်) ကပြောပါတယ်။
ရာသီဥတုပြောင်းလဲဒဏ်ဟာ လူတွေကို တိုက်ရိုက် အစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သလို သွယ်ဝိုက်တဲ့ နည်းအမျိုးမျိုးနဲ ့လည်း ထိခိုက် နစ်နာစေပါတယ်။ ဥပမာအားဖြင့် နာဂစ်မုန်တိုင်းလို အသက်ပေါင်းများစွာကို တချိန်ထဲမှာ ယူကျံုးသွားတာမျိုးရှိသလို - မိုးခေါင်ရေရှားလို ့စပါးသီးနှံများ စိုက်ပျိုးလို ့မရပဲ အစာရေငတ်မွတ်ပြီး သေဆုံးတာမျိုးလည်းရှိပါတယ်။ ဒါတင်မက ကမ္ဘာပူနွေးလာမှုကြောင့် ရောဂါပိုး အမျိုးမျိုး ကိုလည်း ဖြစ်ပေါ်စေပြီး ဒီရောဂါပိုးတွေက ပူနွေးမှုကို နှစ်သက်သဖြင့် ရောဂါဖြစ်ပွါးမှုနှုန်းကို ပိုမိုတိုးပွါးဖြစ်ပေါ်လာတာကို တွေ ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ်လူ သန်းပေါင်း တစ်သိန်းငါးသောင်းကျော် သေဆုံးပြီး ငါးသန်းခန် ့က နာမကျန်းဖြစ်တယ်လို ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ ့မှာရှိတဲ့ ကျန်းမာရေး နှင့် ရာသီဥတုသိပ္ပံပညာရှင်များအသင်းက ဆိုပါတယ်။
ဒို ့တတွေဟာ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များမဟုတ်ပေမဲ့လည်း ကမ္ဘာလူသားတွေ ဖြစ်တဲ့အတွက်ကြောင့် အသက်ရှင်နေသ၍ သဘာဝပါတ်ဝန်းကျင်ဟာ ကျမတို ့ရဲ ့ အနီးစပ်ဆုံး တန်ဖိုး မဖြတ်နိုင်တဲ့ မိတ်ဆွေကောင်း ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို ့လိုအပ်သလို ကျမတို ့ တဦးစီတိုင်းမှာလည်း နေထိုင်ချင်စရာကောင်းတဲ့ကမ္ဘာဂြိုလ်ကို ဆက်လက် ထိန်းသိမ်းထားဖို ့တာဝန်မကင်းဘူးလို ့ယူဆမိပါတယ်။ ကျမလည်း သဘာဝပါတ်ဝန်းကျင်ဆိုလို ့ ရင်းရင်းနှီးနှီး လေ့လာတတ်ကျွမ်းတဲ့ သူတယောက်မဟုတ်ပေမဲ့ သိသလောက် မှတ်သလောက်ကို ကိုယ့်အတွက်သာ သိုလှောင်ထားမဲ့အစား အခြားသောဘဝတူ ကမ္ဘာသူ/သားများကို ဝေမျှပေးယင် ပိုပြီး အကျိုးရှိမယ်ဆိုတဲ့ အတွေးနဲ ့ ဒီစာပုဒ်လေးကို ရေးဖြစ်ခဲ့တာပါ……
စိမ်းလန်းတဲ့ ကမ္ဘာမြေထဲမှာ စိမ်းလန်း စိုပြေတဲ့ဘဝတွေ တည်ဆောက်နိုင်ကြပါစေ လို ့ ဆန္ဒ္ဒပြုယင်း …