လူထု မြေယာများကို သိမ်းဆည်း၍ အစိုးရအမှုထမ်းများထံ ပြန်လည်ရောင်းချ

လူထု မြေယာများကို သိမ်းဆည်း၍ အစိုးရအမှုထမ်းများထံ ပြန်လည်ရောင်းချ
by -
နှောင်းလှိုင်
မတရားသိမ်းဆည်းခြင်း ခံထားရသည့် မြေယာများကို ကရင်နီပြည် လွိုင်ကော်မြို့တွင် တာဝန်ကျနေသော အစိုးရအမှုထမ်းများထံ ပြန်လည် ရောင်းချ နေကြောင်း သိရ...

မတရားသိမ်းဆည်းခြင်း ခံထားရသည့် မြေယာများကို ကရင်နီပြည် လွိုင်ကော်မြို့တွင် တာဝန်ကျနေသော အစိုးရအမှုထမ်းများထံ ပြန်လည် ရောင်းချ နေကြောင်း သိရသည်။

“မြို့ထဲမှာ နေတဲ့လူနဲ့ ပြန်ရောင်းပေးတယ် သီးသန့် နေတဲ့လူတွေ၊ အဆင်မပြေတဲ့လူတွေလည်း သွားနေကြတယ်။ အစိုးရဝန်ထမ်းတွေပဲ ရုံးမှာ အလုပ် လုပ်တဲ့ သူတွေပဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

ထိုမြေနေရာသည် လွိုင်ကော်လေယာဉ်ကွင်းရှေ့ရှိ ရဲဘော်ဒုက္ခိတများနှင့် စစ်မှုထမ်းပြီး ကျဆုံးသွားသည့် ရဲဘော်များ၏ အိမ်ယာမြေနေရာ လွတ်များ ကို ဒကစမှူးက မြို့ပေါ်နေလူတန်းစားများနှင့် အစိုးရအမှုထန်းများ ထံပြန်လှည်ရောင်းချ ခြင်းဖြစ်သည်။

အစိုးရဌာနများမှ ၀န်ထန်းများကို သိမ်းဆည်းထားသောမြေယာ တဧကကို ၅သိန်းဖြင့်ရောင်းချပေးသည်။

၂၀၀၈ ခုနှစ်တွင် ချိကယ်ကျေးရွာမှ လူထုအချို့ ပိုင်ဆိုင်ထားသည့် မြေနေရာ နှစ်ခုကို စစ်အစိုးရက သိမ်းပိုက်လိုက်ပြီး ပိုင်ရှင်အချို့က လျှော်ကြေး အနည်းငယ် ပြန်ရသော်လည်း တချို့မှာ လျှော်ကြေးမရခဲ့ပါ။

ထိုနေရာမှ မြေဧက ၈၀၀ ခန့်ရှိသည့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းဆောင်နှင့် ကျဆုံးသွားသည့် ရဲဘော်များ၏ ကျန်ရစ်သူ သားမယားများ၊ ရဲဘော် ဒုက္ခိတများနှင့် စစ်မှုထမ်းဟောင်းများ အတွက် သိမ်းပိုက်ထားသည့် မြေနေရာ ဖြစ်သည်။

Most read this week