ကျောက်ဖြူမြို့တွင် မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ကွင်းရေမြုပ်၍ လူထုလုပ်အားပေးခိုင်းခံရ

ကျောက်ဖြူမြို့တွင် မိုးသဲထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ကွင်းရေမြုပ်၍ လူထုလုပ်အားပေးခိုင်းခံရ
by -
ခိုင်သော်က
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မေလ ၁၉ ရက်နေ့ ညနေ ၁၁ နာရီကျော်မှ မေလ ၂၀ ရက်နေ့ နံနက် အာရုံ  ၃ နာရီထိ မိုးသဲထန်စွာ ရွာသွန်း မှုကြောင့် ဆောက်လုပ်နေဆဲ လေယာဉ်ကွင်း ရေထဲမြုပ်ပါသွားသည့်အတွက် မြို့ခံလူထု ၃၀၀ ခန့်ကို အတင်းခေါ်ယူပြီး လုပ်ခိုင်း ခဲ့သည်ဟု..

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မေလ ၁၉ ရက်နေ့ ညနေ ၁၁ နာရီကျော်မှ မေလ ၂၀ ရက်နေ့ နံနက် အာရုံ  ၃ နာရီထိ မိုးသဲထန်စွာ ရွာသွန်း မှုကြောင့် ဆောက်လုပ်နေဆဲ လေယာဉ်ကွင်း ရေထဲမြုပ်ပါသွားသည့်အတွက် မြို့ခံလူထု ၃၀၀ ခန့်ကို အတင်းခေါ်ယူပြီး လုပ်ခိုင်း ခဲ့သည်ဟု သိရသည်။

လူတွေက မိုးရွာလို့ လမ်းပေါ်ထွက်ပျော်နေကြတာသည့်အချိန်တွင် စစ်တပ်မှ စစ်မော် တော်ယာဉ်ကြီး ၃ စီးဖြင့်လာပြီး၊ လမ်းပေါ်တွင် တွေ့တဲ့လူကို ကားပေါ်ဆွဲတင်ကာ မြို့အပြင်ရှိ  လေယာဉ်ကွင်း သို့ ယူသွားတယ်၊ လေယာဉ်ကွင်း သို့ ရောက်သည့်အခါ အမြန်ဆင်းအမြန်ဆင်းဆိုပြီး လေယာဉ် ကွင်းထဲသို့အတင်းဆွဲသွင်းတာဘဲ၊ ပီးရင် ပေါက်ပြား၊ ကော်ပြားဒါး ကိုပေးတယ်၊ လာကြဆိုကာ စစ်သား ၂၀ ခန့်က နွား ကျွဲ ကို မောင်းသလို မောင်းယူ ခေါ်သွားပြီး ရေမြုပ်သွားသော လေယာဉ်ကွင်းပိုင်းကို လုပ်ခိုင်းသည်ဟု အဓမ္မအလုပ်ခိုင်းခံရသူတဦးက ပြောပြသည်။

ရေဖေါက် မြောင်းတူး အမှိုက်သရိုက်တွေရှင်း ပစ္စည်ပြောင်းပြီးမှ ပြန်လွှတ်လိုက်တယ် အိမ်ကို ရောက်ချိန်တွင် အိမ်ကလူတွေက စစ်တပ်က ခေါ်ယူ သွားတယ်လို့ သတင်းကြား၍ ကြောက်ပြီးငိုနေကြတာကိုတွေ့ရကြောင်း ၄င်းကပင် ဆက်လက်ပြောပြ၍ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော မေလ ၁၈ ရက်နေ့ မြေပုံမြို့မှ စ၍ မိုးစတင်ရွာသွန်းပြီး ယနေ့ထိ ပြည်နယ်အနှံ့အပြားတွင် မိုးကွက်ကျား ရွာသွန်း နေကြောင်း နှင့် အာဏာပိုင် တို့ကလည်း မုန်တိုင်းသတင်းနှိုးဆော်လျှက်ရှိကြောင်းဆက်လက်စုံစမ်းသိရသည်။