ရခိုင်ပြည်နယ်တွင် မဲကြီးကြပ်စောင့်ကြည့်ရေး သင်တန်းပေးတောမည်

ရခိုင်ပြည်နယ်တွင် မဲကြီးကြပ်စောင့်ကြည့်ရေး သင်တန်းပေးတောမည်
by -
ခိုင်သော်က
ရခိုင်ပြည်နယ် အနောက်ပိုင်း (နပခ)စစ်ဌာနချုပ် တည်ရှိရာ အမ်းမြိူ့တွင်် မဲကြီးကြပ် စောင့်ကြည့်ရေး သင်တန်းတခုကို မကြာမိ အချိန်အတွင်း ပေးမည်ဟု....

ရခိုင်ပြည်နယ် အနောက်ပိုင်း (နပခ)စစ်ဌာနချုပ် တည်ရှိရာ အမ်းမြိူ့တွင်် မဲကြီးကြပ် စောင့်ကြည့်ရေး သင်တန်းတခုကို မကြာမိ အချိန်အတွင်း ပေးမည်ဟုသတင်းရရှိသည်။

အဆိုပါသင်တန်းသို့ တပ်၊ ရဲ၊ လုံထိမ်း၊ လဝကနှင့် စစ်မှူးထမ်ဟောင်းအဖွဲ့တို့မှ အရာရှိ အဆင့် ရှိသူ ၁၂၅ ဦးကို ဖိတ်ထားသည်ဟုလည်းသိရသည်။

သင်တန်းကို မေလ ၁၅ ရက်နေ့မှ မေလ ၂၂ ရက်ထိသင်းကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်း အား ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ တဦးက လာရောက် သင်ကြားပေး မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်တွင် ၂၀၁၀ ရွေးကောက်ပွွဲ နှင့် ပတ်သက်၍ မဲကြီးကြပ်စောင့်ကြည့်ရေးအတွက်  ယခုပိုချမည့် သင်တန်းသည် ပထမ အကြိမ်ဖြစ်သည်ဟု သိရသည်။