ရခိုင်ပြည်နယ်အနောက်ဖက် မောင်တောမြို့နယ် နစက နယ်မြေ ၆ ပိုင် မင်္ဂလာကြီး ကျေးရွာ မှ မှောင်ခိုစက်လှေတစီးအား နစက နယ်မြေ ၅ ပိုင် အမှတ် ၁၂ ရေတွင်းကျွန်း ကင်းစခန်းမှ မေလ ၉ ရက်နေ့ ည (၁၁နာရီ၄၅မိနစ်)အချိန် တွင် သေနတ်ဖြင့်ပစ်ခတ် သဖြင့် ပြည်သူတဦးမှာ ညာဘက်ပေါင်ကို ထိမှန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးခန်း တခုတွင် လျှို့ဝှက်ဆေးကုသခံနေရသည်ဟုသတင်းရရှိ သည်။
အဆိုပါ မှောင်ခိုစက်လှေမှာ လူ ၉ ဦးပါရှိပြီး၊ နစကနယ်မြေ ၆ တွင် အခွန်ဆောင်၍ ထွက်ခွါလာရာ လမ်းတွင် စက်ချွတ်ယွင်းခဲ့သောကြောင်း အချိန်အနည်ငယ်ကြန့်ကြာနေခဲ့ သည့်အတွက် နစကနယ်မြေ ၅ ပိုင် အမှက် ၁၂ ရေတွင်းကျွန်းကင်းစခန်း သို့ သတင်း ပို့ရန်ဝင်လာစဉ် ယခုလို သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု အမည်မဖေါ်လိုသူ စက်လှေပါ မျက်မြင်တဦးမှ ပြောပြ၍ သိရသည်။
သေနတ်ဒါဏ်ဖြင့် လျှို့ဝှက် ဆေးကုသခံနေသော လူနာမှာလည်း ဘင်္ဂးလားဒေ့ရှ် အာဏာ ပိုင်များထံတွင်လည်း စစ်ဆေးခံနေရသည်ဟု ဆက်လက်စုံစမး်သိရသည်။
နတ်မြစ်ပေါ်ရှိ နယ်မြေ ၅ အပိုင် ကင်းစခန်း ၁၂ တွင် ဒု ရဲအုပ် စီုးအောင်ဦးစီးသည့် ရဲဘော် ရ ယောက်ရှိကြောင်း သိရှိရသည်။