၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ ၃ ခု ၀င်ပြိုင်ရန် လျှောက်ထား

၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ ၃ ခု ၀င်ပြိုင်ရန် လျှောက်ထား
by -
ခိုင်သော်က
နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသို့ဝင်ပြိုင်ရန် ရခိုင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေး ပါတီ ၃ ခုရွေးကောက်ပွဲကော်မရှင် သို့ လျှောက်ထားခဲ့ကြောင်း....

နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသို့ဝင်ပြိုင်ရန် ရခိုင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေး ပါတီ ၃ ခုရွေးကောက်ပွဲကော်မရှင် သို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးပါတီတို့မှာ ကျောက်တော်မြို့အခြေစိုက် မြို ခေါ်ခမီး အမျိုးသား ညီညွတ် ရေး အဖွဲ (မခမညဖ) ၊  စစ်တွေမြို့အခြေစိုက် ရခိုင်ပြည် အမျိုးသား အင်အားစု ပါတီ နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ တိုဖြစ်သည်ဟု သိရပါသည်။

၎င်းပါတီများမှ ကျောက်တော်မြို့အခြေစိုက် မြို ခေါ် ခမီး အမျိုးသား ညီညွတ်ရေး အဖွဲမှာ ယခင် ၁၉၉၀ တွင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ လည်း ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ အမတ် တစ်နေရာရရှိခဲ့သည့် အဖွဲ့ဖြစ်သဖြင့် ယခု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင် က ဒုတိယဦးစားပေး၍ ဧပြီလ(၂၈)ရက်နေ့ကပင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီသစ်မှာ ဧပြီလ(၂၈)ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ (၄)ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသစ်မှာမူ မေလ(၄)ရက်နေ့  တွင်  ရွေးကောက်ပွဲ ကော်မရှင် သို့ ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့်ကို စီစစ်ဆေးနေဆဲ ဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ခံ နိုင်ငံရေးသမားတဦးကမူ ယခု နအဖစစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲသို့ ၀င်မည့် နိုင်ငံပါတီတို့မှာ ရခိုင်ပြည် နှင့် ရခိုင်ပြည်သူများအတွက် တစုံတရာ အကျိုးရှိမည့် နိုင်ငံရေးပါတီ ဖြစ်လာမည်မဟုတ်နိုင်ကြောင်း၊  လက်ရှိ စစ်အစိုးရ အာဏာပိုင်များ နှင့် ပူးပေါင်းကာ ပြည်သူတို့ထံမှ ခေါင်းပုံဖြတ်ပြီး ကြီးပွါးချမ်သာနေသော ဓနရှင်ပေါက်စ နအဖ အလိုကျသူများ နှင့် ဖွဲစည်းထားသော နိုင်ငံရေးပါတီတို့သာ ဖြစ်သည်ဟု ပြောပြခဲ့သည်။

Most read this week