ဆီးနိတ်အမတ်က အရေးယူမှှု သက်တမ်းတိုးရန် တောင်းဆို

ဆီးနိတ်အမတ်က အရေးယူမှှု သက်တမ်းတိုးရန် တောင်းဆို
by -
မုံပီး
ဒီမိုကရေစီရေး သိသာထင်ရှားသည့် ပြောင်းလဲမှှုများ မပြုလုပ်သည့် စစ်အစိုးရကို ပိတ်ဆို့အရေးယူမှှု ဆက်လက်ထားရှိရေး ကြိုးစားရာတွင် သူနှင့်အတူ ဆောင်ရွက်ရန် အမေရိကန် ဆီးနိတ်အမတ် Mitch McConnell က ဥပဒေပြု လွှတ်တော်အမတ်များကို ယမန်နေ့က တိုက်တွန်း...

ဒီမိုကရေစီရေး သိသာထင်ရှားသည့် ပြောင်းလဲမှှုများ မပြုလုပ်သည့် စစ်အစိုးရကို ပိတ်ဆို့အရေးယူမှှု ဆက်လက်ထားရှိရေး ကြိုးစားရာတွင် သူနှင့်အတူ ဆောင်ရွက်ရန် အမေရိကန် ဆီးနိတ်အမတ် Mitch McConnell က ဥပဒေပြု လွှတ်တော်အမတ်များကို ယမန်နေ့က တိုက်တွန်းလိုက်သည်။

“စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှှု သက်တမ်းတိုးရေး ဆောင်ရွက်မှှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ဖိတ်ခေါ်ပါတယ်။ မှတ်တမ်းထဲမှာ ပူးပေါင်းဆုံးဖြတ်ချက်အဖြစ် ရေးထိုးနိုင်ဖို့ တညီတညွတ်တည်း သဘောတူကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မစ္စတာ McConnell က ပြောကြားသည်။

အရေးယူမှှုကို ဆက်လက်ထားရှိသင့်ကြောင်းနှင့် ရုပ်သိမ်းလိုက််လျှင် မှားယွင်းသော အချက်ပြမှု ဖြစ်စေနိုင်ပြီး၊ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအား ဆယ်စုနှစ် ၂ ခုကြာ မတရား အုပ်စိုးနေသည့် စစ်အစိုးရအား တရားဝင် အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ဆီးနိတ်လွှတ်တော်တွင် အနည်းစုဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီ အမတ်ခေါင်းဆောင် သူက ပြောသည်။

“စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှှုတွေကို ဆက်ထားသင့်တယ်။ ဘာ့လို့လဲဆိုတော့ ပိတ်ဆို့အရေးယူမှှုတွေကို ရုပ်သိမ်းလိုက်ရင် စစ်အစိုးရကို သူတို့ အရမ်း လိုလားတောင့်တနေတဲ့ ‘တရားဝင်မှှု’ ဆိုတဲ့ အခြေအနေတရပ်ကို ပေးလိုက်သလို ဖြစ်သွားမှာမို့လို့ပါ” ဟု သူက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း စစ်အစိုးရထံတွင် ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိသည့် အရိပ်အယောင်များ မတွေ့ခဲ့ရသဖြင့် ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူမှှုများ ဆက်လက် သက်တမ်းတိုးရေးသည် ယခင်ကဲ့သို့ ဆီလျော်၍ အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်ဟု McConnell က ဆက်ပြောသည်။

အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့အသိုင်းအဝိုင်းက စစ်အစိုးရနှင့် အကြိမ်ပေါင်း မြောက်မြားစွာ စေ့စပ်ညှိနှိုင်းရန် ကြိုးစားခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆန်သော ပြုပြင်ပြောင်းလဲမှှုများ ပြုလုပ်ရေးအတွက် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

အမေရိကန်သည် ၁၉၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှှုများ စတင်ခဲ့ပြီး အရေးယူမှှုကို နှစ်စဉ် သက်တမ်းတိုးခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က အိုဘားမား အစိုးရအဖွဲ့သည် မြန်မာနိုင်ငံအပေါ် လက်ရှိအရေးယူမှှုများကို ဆက်လက်ထားရှိရင်းက စစ်အစိုးရနှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမည့် မူဝါဒအသစ်ကို ကြေညာခဲ့သည်။

“ဘယ်လိုပဲ ရည်ရွယ်ချက်တွေကောင်းကောင်း၊ အိုဘားမား အစိုးရရဲ့ စေ့စပ်ညှိနှိှုင်းရေး မူဝါဒအသစ်ကလည်း အရင်တုန်းက စေ့စပ်ညှိနှိုင်းမှှုတွေလိုပဲ မထိရောက်ခဲ့ပါဘူး။ စစ်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး” ဟု McConnell က ပြောသည်။

စစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှှုလုပ်ရန် ဆန္ဒမရှိသော်လည်း တရားဝင် အသိအမှတ်ပြုခံရရေးနှင့် ၎င်းတို့အပေါ် ကမ္ဘာ့နိုင်ငံများမှ အမြင်ကြည်လင်ရေးအတွက် ဆန္ဒပြင်းပြနေသဖြင့် ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့ပြီး ပြုပြင်ပြောင်းလဲမှှုများ ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း မစ္စတာ McConnell က ဆက်လက်ပြောကြားသည်။

ယခုနှစ်တွင် ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီလမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည်ဟု သူက ပြောသည်။ ရွေးကောက်ပွဲ ဥပဒေများသည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဘေးသို့ ပထုတ်ခဲ့ပြီး သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုလည်း နိုင်ငံရေး စည်းဝိုင်းအပြင်ဘက်သို့ ပထုတ်ရန် ရည်ရွယ်ထားခဲ့သည်။

“စစ်အစိုးရကို ဆက်လက်အရေးယူတာဟာ သူတို့ လိုလားတောင့်တနေတဲ့ တရားဝင်ရေးကို တားဆီးနိုင်တဲ့အတွက် ပိတ်ဆို့မှှုတွေ ဆက်လက်ပြုလုပ်ဖို့ အရေးကြီး ပါတယ်” ဟု ဆီးနိတ် လွှတ်တော်အမတ် McConnell က ပြောသည်။

မြန်မာလူထု၏ ဆန္ဒအမှန်ကို နောက်ဆုံးအကြိမ် ဖော်ပြနိုင်ခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်များအား စစ်အစိုးရမှ ငြင်းပယ်ရေးအတွက် ကြိုးစားအကောင်အထည် ဖော်နေရာတွင် အမေရိကန် ပြည်ထောင်စုသည် ထိုကြိုးစားမှှုအား အသိအမှတ်ပြုသည့် နိုင်ငံတနိုင်ငံ မဖြစ်သင့်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

Most read this week