ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်စပ် လုံခြံုရေးတပ် နစကနယ်မြေများ ဖြစ်သော (၁/၂/၃/၄/၅)တို့တွင် ဒေသခံပြည်သူများ၏ ခရီးသွားလာခြင်းကို အာဏာပိုင် တို့မှ တင်းကျပ်ထားသည်ဟု သိရသည်။
ဖေါ်ပြပါ နစကနယ်မြေအတွင်းရှိပြည်သူများမှာနယ်မြေတခုမှ နောက်နယ်မြေတခုသို့ သွားလိုလျှင် သက်ဆိုင်ရာနယ်မြေမှူးခွင့်ပြုချက်ရယူကြရသလို တရွာမှ တရွာ သို့သွား လိုပါ ကလည်း သက်ဆိုင်ရာ ရယကဥက္ကဌ ခွင့်ပြုချက်ရယူပြီးမှ သာ သွားလာနေကြရပြီး ညအိပ်ခရီးသွားလာခြင်းကိုမှု လုံးဝခွင်းမပြုကြောင်း ဒေသခံအမည်မဖေါ်လိုသူတဦးမှ ပြောပြသည်။
နစက နယ်မြေ ၃ မှ နယ်ခံတဦးအဆိုအရ ရွာအပြင်ကို ငါးရှာ ဟင်းရှာ ရေခတ် ထွက်ရင် လည်း ရယက ဥက္ကဌထံသွားပြီးခွင့်ပြုချက်တောင်းရတယ်။ ခွင့်ပြုချက်ရမှသာ သွားလာ ရတယ်၊ ဥက္ကဌမရှိရင် ထိုင်စောင့်နေရတယ်၊ အိမ်ကို ဆွေမျိုးနှင့်သူငယ်ချင်တို့ လာလည်ကြ ရင်လည်း သက်ဆိုင်ရာ ခွင့်ပြုချက်ပါမပါကို ဦးစွာမေးမြန်ပြီးမှသာ ဧည့်ခံကျွေးမွေးကြ၊ ပြောဆိုကြတယ်။သက်ဆိုင်ရာခွင့်ပြုချက်မပါသည့်ဆွေမျိုးသူငယ်ချင်းများကိုမှုဧည့်မခံရဲပေ။
အကယ်၍ သက်ဆိုင်ရာ ခွင့်ပြုချက်မပါသည့် ဧည့်သည်များကို ဧည့်ခံကျွေးမွေး ပြောဆိုနေ သည့်ကို အာဏာပိုင်းများသိရင် ထိရောက်စွာ အရေးယူခံရမည်ဟုလည်း ကြေငြာထားတယ် ဟု ပြောပြသည်။
ကျွန်တော်တို့ဒေသမှာ ယခင်လည်းခရီးသွားလာခြင်းကို လွတ်လွတ်လပ်လပ် သွားလာ ရတာ မဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုရယူပြီး သွားလာနေကြ ရတာပါဘဲ၊ ယခုလိုတင်းကျပ်တာမျိုးတော တခါမှမရှိခဲ့ပါဘူး၊ ဘာကြောင်းတင်းကျပ်တယ် ဆိုတာ ကိုမသိဘူး၊ ယခင််က နစက နယ်မြေတခုလျှင် စစ်ဖက်ဆိုင်ရာ လုံခြံုးရေးအဖွဲ့မှ တဦးစီသာ ရှိရာမှ ယခု နစက နယ်မြေတခုလျှင် ၄ ဦး မှ ၅ ဦးထိတိုးချဲချထားပြီး ဒေသခံပြည်သူများကို မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိသည်ဟု အာဏာပိုင်များနှင့်နီးစပ်သူ ဒေခံတဦး၏ ပြောပြချက်အရ သိရှိရသည်။