ထိုင်းနိုင်ငံတောင်ပေါ်တို်င်းရင်းသားများ ဘုရင်အားဂုဏ်ပြုတဲ့ ရိုးရာပွဲတော်ပြုလုပ်

ထိုင်းနိုင်ငံတောင်ပေါ်တို်င်းရင်းသားများ ဘုရင်အားဂုဏ်ပြုတဲ့ ရိုးရာပွဲတော်ပြုလုပ်
ထိုင်းနိုင်ငံဘန်ကောက်မြို ့တွင် အစိုးရအားဆန့်ကျင်သော အကျင်္ ီနီများနှင့်  နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန် တောင်ပေါ်တိုင်းရင်းသားများက ထိုင်းဘုရင်မင်းမြတ်အား ဂုဏ်ပြုသော ရိုးရာဓလေ့ အစွမ်းပြပွဲကို မေလ ၁ ရက်မှ ၅ ရက်တိုင်် ပြုလုပ်ပေးလျက်....

ထိုင်းနိုင်ငံဘန်ကောက်မြို ့တွင် အစိုးရအားဆန့်ကျင်သော အကျင်္ ီနီများနှင့်  နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန် တောင်ပေါ်တိုင်းရင်းသားများက ထိုင်းဘုရင်မင်းမြတ်အား ဂုဏ်ပြုသော ရိုးရာဓလေ့ အစွမ်းပြပွဲကို မေလ ၁ ရက်မှ ၅ ရက်တိုင်် ပြုလုပ်ပေးလျက်ရှိသည်။

ထိုင်းတိုင်းရင်းသားများနှင့့်အတူ တောင်ပေါ်နေနိုင်ငံသားအဖြစ် သတ်မှတ်ခံရသော ဘတ်မိုင်ဆမ်မားခီရွာမှ ကချင်လူမျိုးများသည် ထိုင်းဘုရင် Bhumibol Adulyadej ၏ ကိုယ်တိုင် ကြည့်ရှုစောက်ရှောက် အခွင့်အရေးပေးခံရသည့်အပေါ် ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့်အတူ မေလ(၅) ရက်နေ ့တွင် ကျရောက်သည့် ထိုင်းဘုရင်နန်းတက် သောနေ့ကို အထိန်းအမှတ်ပြုပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးမတည်မငြိမ်ဖြစ်ချိန်မှစ၍ အိမ်နီးချင်းထိုင်းငံသို့ ခိုလှုံလာကြသော ကချင်လူမျိုးများကို နိုင်ငံသားအဖြစ်ခံယူခွင့်ပေးခြင်းအပေါ် ခံစားရသောအကျိုးကျေးဇူး များအား ယခုကဲ့သို့ ဖွင့်ဟဝန်ခံတင်ပြခွင့်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကချင်ရွာမှ ပါ၀င်တက်ရောက်သူ ကချင်အမျိုးသမီးတစ်ဦး ပြောသည်။

"ထိုင်းနိင်ငံ ဘတ်မိုင်ရွာကို ကချင်လူမျိုးတွေအတွက် ထိုင်းဘုရင်ကပေးထားတဲ့နေရာဖြစ်တယ်  ဒါကြောင့်ထိုင်းဘုရင်ကိုဂုဏ်ပြုတဲ့ အနေနဲ့ တောင်ပေါ်သားတွေ အပေါ် မှာ ဘယ်လိုကျေးဇူးခံစားရတယ် ဆိုတာကို ကျေးဇူးတင်စကားပြောမယ် ကချင်ရိုးရာဝတ်စုံပြပွဲ  ရိုးရာအကပြပွဲ ရိုးရာအစားစာပြပွဲ၊ ရိုးရာအသုံးအဆောင်ပစ္စည််းပြပွဲ ရိုးရာဓလေ့ ပြုမူနေထိုင်ပုံများကို ကိုယ်စီ ပြုလုပ်ပြသသွားမယ်" ဟု ပြောသည်။

အစိုးရနှင့် ဒေသခံတိုင်းရင်သား Thailand Cultural Center က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ထိုင်း ပြည်တွင်းအပြင် ဖီလစ်ပိုင်၊ လာအို၊ တူရကီီ၊ တောင်ကိုးရီးယားနိုင်ငံ များမှလည်း ရိုးရာဓလေ့အစီစဉ်များဖြင့် ဘုရင်အားဂုဏ်ပြုခဲ့သည်။

ဤပွဲတွင် ဆက်လက်၍ ကချင်တိုင်းရင်းသားများ၏ အနာဂတ်ဘဝများအတွက် လိုအပ်နေသော  အခွင့် အရေးများကို ပိုမိုသိရှိနားလည်လာစေရန် ဖော်ပြလိုသော အဓိက ရည်ရွယ်ချက်လည်းဖြစ်သည်။

Ban Mai Sama Hki ကချင်ရွာ၊ ထိုင်းနိုင်ငံမြောက်ပိုင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန

“ထိုင်းမှာမွေးလာတဲ့တိုင်းရင်းသား ကလေးတွေအတွက် အခွင့်အရေးနဲ့ တိုင်းရင်းသားတွေ ဖွ့ံဖြိုး တိုးတက်စေဖို့အတွက် မျှော်လင့်ပါတယ်။ လူတန်းစား မခွဲခြားပဲ တန်းတူ ဆက်ဆံဖို့အတွက် တိုင်းရင်း သားတွေကို အထင်မမြင်သေးနေတဲ့ လူတွေအများ ကြီးရှိသေးတယ်။ သူတို ့ကို နားလည် လာအောင် ပြောပြရမယ်။ သူတို ့ထင်တာက တောင်ပေါ်ကဆိုရင် ဟိုတောနက်ကြီးက လာတာထင်နေတာလေ။ ငါတို ့ကိုတွေ ့ရင် အထင်သေးအမြင်သေးနဲ့ ကြည့်တယ် ပြောဆိုဆက်ဆံတဲ့ သူတွေရှိတယ်လေ။”

ထိုင်းနိင်ငံအတွင်းရောက်ရှိနေသော တောင်ပေါ်တိုင်ရင်းသား အများစုသည် မြန်မာနိင်ငံ ၁၉၆၂ ခုနစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ထွက်ပြေးလာသော မြန်မာနိင်ငံတိုင်းရင်းသား အများစုဖြစ်ကြ သည်။

ပွဲတော်တွင် ထိုင်းဘုရင်မှာ နာမကျန်းဖြစ်၍ ဆေးရုံတက်နေသောကြောင့် ပါ၀င်တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ထိုင်းဝန်ကြီးချုပ်မှဦးဆောင်၍ တောင်ပေါ်နေ တိုင်းရင်းသားများတွင် ကိုယ်စီပိုင်ဆိုင် ထားသော ချစ်စရာဓလေ့ ပေါင်းစုံကို ပြသခြင်းအစီစဉ်ကို ခမ်းခမ်းနားနားဖြင့် ပြုလုပ်နိုင်ခဲ့သည်ဟု ပွဲတက်ရောက်သူများ ပြောသည်။

Most read this week