၁၉၉၄ ခုနှစ် မေလကို ပြန်လှည် အမှတ်ရသည်က ကရင်နီတော်လှန်ရေး အင်အားစုမှ ခွဲထွက်ကာ နအဖအစိုးရနှင့် ပူးပေါင်းပြီး အပစ်ခတ်ရပ်စဲရေး ဘဝမှာ စမ်းတဝါးဝါး ဖြစ်ခဲ့ရာမှ ယခု နယ်ခြားစောင့်ဘဝသို့ ရောက်ရှိသွားပြန်သည်။
(၁၆) နှစ်တာ ကာလများ အနေဖြင့် မိတ်ဆွေအပေါင်းအသင်း ရဲဘော်များ၊ လုပ်ဖော်ကိုင်ဖက်များသည် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးခဲ့သည့် ဘဝနှင့် အသက်သွေး စွန့်ခဲ့သူများ၏ ဘဝမှာ ရင်မောလွမ်းဆွတ်ရပေသည်။ အမျိုးသားပန်းတိုင်နှင့် ပြည်သူဘဝ ဖွံံဖြိုးရေးတို့ကို အခြေခံမှုသည် ဝေးတဝါး ဖြစ်ခဲ့လေတော့သည်။
ပြည်ထောင်စု အမျိုးသား တပ်မ တော်နှင့် နိုင်ငံတော် အမျိုးသား လုံခြံု ရေးတို့တွင် မိမိတို့ ဌာနေတိုင်းရင်းသား များကို တန်းတူပါဝင်ခွင့် မရဘဲ နယ်ခြား စောင့်တပ် လက်ပါးစေ အသွင်သဏ္ဍာန် ဖြင့်တော့ လက်ခံရန် မသင့်ပါ။
ကရင်နီ အပစ်ရပ် အဖွဲ့တို့ အနေ ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် လွှတ် တော်အတွင်း အဖြေရှာရေးတို့သည် တဦးစနှစ်ဦးစ ခေါင်းတောင်များ၏ စိတ် ကူးယဉ်ဆန်သော အတွေးတစ်ခုသာ ဖြစ်ပါသည်။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနှင့် ဖြစ်ပေါ်လာမည့် နည်းဥပဒေ၊ ဒေသ ဆိုင်ရာ ဥပဒေ များကို မည့်သို့ စီမံကြ မည်နည်း။ ဒေသအတွင်း ဌာနေတိုင်း ရင်းသားများအတွက် ရိုးရာဓလေ့ထုံး တမ်း ဥပဒေများကို မည်သို့ ထည့်သွင်း ပါမည်နည်း စသည့် မေးခွန်း မြောက်များ စွာ ရှိနေပေသည်။
၂ဝ၁ဝရွေးကောက်ပွဲအတွက် ကယားပြည်နယ် နိုင်ငံရေး ပါတီရေးရာတွင် ဌာနေဒေသခံ နိုင်ငံရေးပါတီအဖြစ် လိုအပ်မှုကို အစားထိုးရန် ကလလတသို့ ချဉ်းကပ် နေသည်မှာ လွန်ခဲ့သော ၂ဝဝဝ - ၂ဝဝ၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။
ကယားပြည်နယ်အတွင်း သစ် ထုတ်လုပ်သည့် (ဦးတေဇ ပိုင်) ထူး ကုမဏီ အုပ်စုနှင့် ရင်းနှီးမှု ရရှိပြီးနောက် စီးပွားရေးကို ဦးထွန်းကျော် မျက်စိ ကျနေစေသည်မှာ ဦးတေဇ ကျပ်သိန်း (၃ဝဝ) လက်ဆောင်ပေးသည့် အချိန်မှ စတင်ခဲ့ပါသည်။
ရန်ကုန်နှင့် လွိုင်ကော် အဆက် အသွယ်ကောင်း တည်ဆောက်ပြီး နောက် ထိုင်းကုန်သည် အချို့နှင့် အဆင် ပြေ စီးပွားရှာရေးကို နားလည်သဘော ပေါက်လာပြီး ကယားပြည်နယ်အတွင်း ပိန်းချစ် ခနောက်စိမ်း၊ ကျွန်းသစ်၊ သတ္တု၊ နယ်စပ်ကုန်သွယ်ရေးကို ကောင်းကောင်း အသုံးပြုလာပါတော့သည်။
စီးပွားရေး အားလုံး၏ (၉၅) ရာခိုင်နှုန်းသည် ကလလတ အဖွဲ့အမည် နာမနှင့် အသုံးပြုပြီး အသုံးပြုသည့် မော်တော်ယဉ်များသည်လည်း အဖွဲ့ပိုင်ဆိုင်မှုများသာ ဖြစ်ပါသည်။ (၅) ရာခိုင်နှုန်းသည် ပုဂ္ဂိုလ်ရေး စီးပွားရေး လုပ်ငန်းများသာ ဖြစ်ပါသည်။
ထိုင်းလုပ်ငန်းရှင် အချို့သည် ရင်း နှီးမြုပ်နှံရန် စိတ်ဝင်းစားသော်လည်း မြန်မာနိုင်ငံအတွင်း မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေကြောင့် ကြောက် လန့်ဆဲ ဖြစ်ပါသည်။
၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် ရပ်တည်မှုသည် မည်သည့်အချိန်ထိ ရှိနိုင်မည်ကို တွက်ဆရန် ခက်ခဲပါသည်။
ကယားပြည်နယ်အတွက် နိုင်ငံ ရေး အပြောင်းအလဲများကို ဖန်တီးရန် အပစ်ရပ်စဉ် ၁၉၉၄ ခုနှစ် ညှိနှုင်းကာလ အတွင်း နယ်ခြားစောင့်တပ် အသွင် အပြောင်းရေး မူဝါဒတစ်ရပ် မပါရှိဘဲ နိုင်ငံရေးအရ အဖြေရှာရေးကို ဦးတည် ထားခဲ့ပါသည်။
၁၉၉၆ -၉၇ ခုနှစ်များအတွင်း ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး စသည့် အဖွဲ့အစည်းများနှင့် သဘောထား ထုတ် ပြန်ချက်များ နိုင်ငံရေးအရ တွေ့ဆုံအဖြေ ရှာရေးနှင့် ္ဒီူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နှင့် အဆက်ဆံရေးများ ရှိခဲ့ပါသည်။
၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ရောက် ရှင်ပြိုင်မည် ဆိုသည့် နိုင်ငံရေး ပါတီများ သည် နအဖစစ်တပ်က ရုပ်သေးပမာ ကြိုးကိုင်ထားသည့်အတွက် ကလလတ အဖွဲ့သည် လည်း အနာဂါတ်မှာ နိုင်ငံရေး ပါတီ အသွင်သဏ္ဍာန်ဆောင်နိုင်ရန် ဖြစ်နိုင်ချေ မရှိဟု ယူဆမိသည်။
တိုက်တွန်းလိုသည်မှာ အနာ ဂတ် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ် မြောက်ရေး တပ်ဦးမှ ကရင်နီ လူမျိုးပေါင်း စုံ လွတ်မြောက်ရေး ပါတီသည် ပါတီ အတွင်း အမျိုးသား ဥပဒေပညာရှင်၊ အတတ်ပညာရှင်များ မပါဝင်မချင်း အနာဂါတ်မှာ အမျိုးသားရေးပန်းတိုင် ပျောက်ကွယ်နေဦးမည် ဖြစ်သည်။
ဌာနေတိုင်းရင်းသားများ ပိုင်ဆိုင် သည့် ကရင်နီပြည်သည်ကို ကလလတ အနေဖြင့် တဖက်တလှန်းကနေ နိုင်ငံရေး ဦးဆောင်ဦးရွက်မှုများ ပြုလုပ်လိုပါက အမျိုးသား အချုပ်အခြာနှင့် စစ်မှန်သည့် ဖဒရယ်ပြည်ထောင်စုအသွင် ဆောင်နိုင် သည့် တန်းတူညီမျှမှု၊ အမျိုးသားပြန် လည်သင့်မြတ်မှု၊ ညီညွတ်မှုတို့ကို ဆောင်ရွက်နိုင်မှသာ အမျိုးသား ပန်း တိုင်ကို ရောက်နိုင်မှာ ဖြစ်သည်ဟု ဆန္ဒပြုလိုက်ပါသည်။