သုံးဘီးဆိုင်ကယ် လိုင်စင်ကြေး ကျပ် ရ သိန်း တောင်းနေ

သုံးဘီးဆိုင်ကယ် လိုင်စင်ကြေး ကျပ် ရ သိန်း တောင်းနေ
မူစယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် အာဏာပိုင်များက မြို့ပေါ်ရှိ သုံးဘီးဆိုင်ကယ်များအား မေလ ၁ ရက်နေ့ ညပိုင်း၌ လိုက်လံဖမ်းဆီးပြီးနောက် ကျပ် ရ သိန်းဖြင့် လိုင်စင်လုပ်ရန် ပိုင်ရှင်များထံ ညွန်ကြားထားကြောင်း...

မူစယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် အာဏာပိုင်များက မြို့ပေါ်ရှိ သုံးဘီးဆိုင်ကယ်များအား မေလ ၁ ရက်နေ့ ညပိုင်း၌ လိုက်လံဖမ်းဆီးပြီးနောက် ကျပ် ရ သိန်းဖြင့် လိုင်စင်လုပ်ရန် ပိုင်ရှင်များထံ ညွန်ကြားထားကြောင်း သိရသည်။

မြို့ခံများပိုင်ဆိုင်သည့် သုံးဘီးဆိုင်ကယ် ၃၅ စီးခန့် ထိုနေ့က ဖမ်းဆီးခံခဲ့ရပြီး လိုင်စင်မပြုလုပ်ပါက ပြန်ပေးမည် မဟုတ်ဟု အာဏာပိုင်များက ပြောကြောင်း မြို့ခံ သုံးဘီး ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သုံးဘီးဆိုင်ကယ်တွေ အားလုံးအဖမ်းခံရမှာပေါ့။  ဖမ်းရတာတော့ အားလုံး ၃၅ စီး သူတို့ ပြောတာတော့ လိုင်စင်လုပ်ပေး မယ်ဆိုရင် ရ သိန်း။ မလုပ်ရင် ပြန်မပေး တော့ဘူးတဲ့။ ရဲစခန်းနယ်ထိန်းက သိမ်းသွားတယ် ” ဟု ပြောသည်။

လိုင်စင်ရှိပြီး သုံးဘီးယာဉ်များပါ  ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး  လွန်ခဲ့သည့် ၃ နှစ်က   လိုင်စင်ခထက်ယခု ကျပ် တစ်သိန်း ပိုများလာကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်လောက်က လုပ်ထားတာလဲရှိတယ်။ တချို့အသစ်ဝယ်လာတာလဲ ပါတာပေါ့။ အခု ရ သိန်းပေး ရင် နမ့်ခမ်းအထိ လှိုင်းဆွဲခွင့်ပေးမယ် လို့ပြောတယ်။ အခု ၁၀၅ မိုင် အထိ ဆွဲတယ် တချို့လဲ အိမ်မှာ ပစ္စည်းတင်တယ်” ဟု သူကဆက်ပြောသည်။

တရုတ်နိုင်ငံလုပ် သုံးဘီးယာဉ်များဖြစ်ပြီး တစ်စီးလျှင် တရုတ်ယွမ်ငွေကျပ် ၆၀၀၀ ကျော်ခန့် တန်ဖိုးရှိကြောင်း သိရသည်။