တိုင်းရင်းသား FM ရေဒီယို စတင် အသံလွှင့်တော့မည်

တိုင်းရင်းသား FM ရေဒီယို စတင် အသံလွှင့်တော့မည်
by -
ကိုသိုက်
တိုင်းရင်းသားဘာသာဖြင့်အသံလွှင့်မည့် FM ရေဒီယိုအစီအစဉ်ကို မေလ(၁)ရက်နေ့တွင် စတင်အသံ လွှင့်တော့မည်ဟု ရေဒီယိုတာဝန်ခံတစ်ဦးမှပြောပါသည်။ အဆိုပါ ရေဒီယို အစီအစဉ်တွင် ဗမာဘာသာ၊ မွန်ဘာ သာနှင့် ကရင်ဘာသာဖြင့် အသံလွှင့်သွားမည်ဟု....

တိုင်းရင်းသားဘာသာဖြင့်အသံလွှင့်မည့် FM ရေဒီယိုအစီအစဉ်ကို မေလ(၁)ရက်နေ့တွင် စတင်အသံ လွှင့်တော့မည်ဟု ရေဒီယိုတာဝန်ခံတစ်ဦးမှပြောပါသည်။ အဆိုပါ ရေဒီယို အစီအစဉ်တွင် ဗမာဘာသာ၊ မွန်ဘာ သာနှင့် ကရင်ဘာသာဖြင့် အသံလွှင့်သွားမည်ဟု သိရပါသည်။

ယခင်ကအခြေအနေအကြောင်းကြောင်းကြောင့် ရေဒီယိုထုတ်လွှင့်မှုအစီအစဉ် ခေတ္တရပ်ဆိုင်းထားရ သော်လည်း ယခုအခါလိုအပ်ချက်များကို ပြင်ဆင်ပြီးစီး၍ ပြန်လည် ထုတ်လွှင့်တော့မည်ဟု အဆိုပါ ရေဒီယို တာဝန်ခံတစ်ဦးမှပြောပါသည်။

“ကျွန်တော်တို့ရေဒီယိုအစီအစဉ်ကတော့ မွန်ဘာသာဆိုရင် နံက်(၈)နာရီကနေ (၈)နာရီခွဲတစ်ကြိမ် ညနေ(၄)နာရီကနေ (၄)နာရီခွဲတကြိမ်လွှင့်ပါမယ်။ ကရင်ဘာသာ ကတော့ နံက်(၈)နာရီခွဲကနေ(၉)နာရီခွဲအထိ တစ်ကြိမ် ညနေ(၄)နာရီခွဲကနေ(၅)နာရီတစ်ကြိမ်လွှင့်ပါမယ်။ ဗမာအစီအစဉ်ကတော့ နံက်(၁ဝ)နာရီကနေ (၁ဝ)ခွဲအထိစ်ကြိမ် ညနေ(၆) နာရီကနေ(၆)နာရီခွဲအထိ FM (88) မီဂါဟပ်ကနေထုတ်လွှင့်သွားမှာပါ။ တစ်ပါတ် ကို(၃)ရက်ပေါ့။ သောကြာ၊စနေ၊တနင်္ဂနွေရက်တွေမှာထုတ်လွှင့်သွားပါမယ်။ အရင်ကခေတ္တ ရပ်ဆိုင်းထားရတဲ့အတွက် ရေဒီယိုပရိသာတ်တွေကို အနူးအညွတ်တောင်းပန်ပါတယ်”ဟု အဆိုပါရေဒီယို တာဝန်ခံ မှရှင်းပြပါသည်။

အဆိုပါရေဒီယိုအစီအစဉ်များကို မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းအထိ သက် ရောက်မှုရှိသည်ဟု ရေဒီယိုအဖွဲ့ဝင်များ၏ စစ်တမ်း ကောက်ယူချက် အရသိရသည်။ ၄င်းတိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်ဖြစ်မြောက်ရေးအတွက် (FTUB) ခေါ် မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ်မှ ကူညီပံ့ပိုးပေးခဲ့သည်ဟု တိုင်းရင်းသားဘာသာရေဒီယိုတာဝန်ခံမှပြောပါသည်။